စစ်ရဟတ်ယာဉ်

စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ ထန်တလန်မြို့၊စစ်ကောင်စီတပ် အထိုင်ချနေသည့် တပ်ကုန်းသို့ ဆင်းသက်လာသည့် စစ်ကောင်စီတပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။   CNA နှင့် CDF-Thantlang တို့ပူးပေါင်းပြီး ထန်တလန် တပ်ကုန်းသို့ဆင်းသက်လာသည့် စစ်ကောင်စီတပ် Mi-17 ထောက်ပို့ ရဟာတ်ယာဉ်ကို မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်ခန့်က Drone ဖြင့်တိုက်ခိုက်ခဲ့ကြသည်ဟု Chinland Information Center မှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန် 

ရွှေပြည်အေး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန် 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်မှာ မြို့သိမ်းတိုက်ပွဲ ပြင်း‌ထန်နေပြီး ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်တစီးကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တို့က ပစ်ချနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ် ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ ရွှေပြည်အေးမြို့သစ်ကို ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဖြစ်သည့် ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)ခန္တီးခရိုင်တပ်ရင်း (၁) ဟုမ္မလင်း၊ HPDF-124၊HPDF၊ HPDF မိုးကြိုးနှင့် မဟာမိတ်တပ်ပေါင်းစုတို့ မြို့၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း၊ စစ်ကောင်စီတပ်က မြို့ပြန်လည်ထိန်းချုပ်နိုင်ရေး လေကြောင်းအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ (more…)
Read More