လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဘက်အလင်းဝင်ရောက်လာမည်ဆိုပါက ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ပေးအပ်မည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ထားသည်။

“CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်း ဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်သည်” ဟု ကြေညာထားသည်။

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၆၈) မှ အောင်မိုး၊ ကိုယ်ပိုင်အမှတ် တတ -၁၂၈၃၂၄ သည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ရက်နေ့က လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့သည့်အတွက် ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက် မနေလိုသည့်အတွက် ပြည်သူနှင့်အတူ တော်လှန်ရေးတွင်ပါဝင်ပြီး CDM ပြုလုပ်ကြသူများသည် တော်လှန်ရေးအက်အားစုများနှင့်အတူ တိုက်ပွဲဝင်နေကြသူများရှိကြောင်း၊ NUG လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများရှိကြောင်း၊ လွတ်မြောက်နယ်မြေနှင့် တတိယနိုင်ငံသို့ ရောက်ရှိသေူများလည်းရှိကြောင်း သိရသည်။

#RedNewsAgency

By Editor