Tag: K.N.L.A

  • ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

    ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

    RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။
    ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒို ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းသိမ်းတိုက်ပွဲတွင် Cobra Column (FW) များနှင့် ယခင်ဒရုန်းများထွက် စွမ်းအား (၃) ဆခန့်ပိုအားကောင်းသည့် FW Hercules – 3 (FW H3) ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု Federal Wings ကအသိပေးထားသည်။

    (more…)

  • စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

    စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

    RNA_မေ(၁၅)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်တပ်စွဲထားသော တညာကျိုး(ခ) တာလယ်ဗျုဟာစခန်းကို KNU တပ်မဟာ (၇) လက်အောက်ခံ K.N.L.A နှင့် K.N.D.O တို့ မေလ (၁၃) ရက်နေ့ ည (၇) နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

    ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

    RNA_ဖေဖော်ဝါရီ( ၉)၊၂၀၂၃ ခုနှစ်။
     
    ကရင်အမျိုးသားအစည်းအရုံး – KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
     
    ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်များအကြား နေတိုင်း ထိတွေ့တိုက်ပွာများ ဖြစ်ပွားခဲ့သည်။

    (more…)