MilitaryCoupinMyanmar

ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံတုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပြီဖြစ်သည့်အတွက် များမကြာမီကာလအတွင်း ပြည်တော်ဝင် စစ်ချီပြီး အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါစို့ဟု ယနေ့ ကျရောက်သည့် PDF (၂) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - People Defense Force- PDF ဖွဲ့စည်းထူးထောင်ခြင်းသည် ယနေ့ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကပါဝင်နေသည်ဟု စသဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။…
Read More
လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဘက်အလင်းဝင်ရောက်လာမည်ဆိုပါက ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ပေးအပ်မည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ထားသည်။ "CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်း ဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်သည်" ဟု ကြေညာထားသည်။ (more…)
Read More
ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက် RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ Red News Agency
Read More