သတင်း

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီဝင် (၃) ဦးကို ပါတီမှထုတ်ပယ်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီဝင် (၃) ဦးကို ပါတီမှထုတ်ပယ်

RNA_‌မတ်(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ဗဟိုအလုပ်ကော်မတီမှ ယမန်နေ့က ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်း၊ ဗဟိုကော်မတီဝင် ဦးတိုးလွင်၊ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်အောင်တို့ကို ပေးအပ်ထားသောတာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်လိုက်ကြောင်း ယနေ့ ကြေညာထားသည်။ "ဥပဒေချိုးဖောက် အကြမ်းဖက်အာဏာလု စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိသည့်အပြင်ပါတီ၏ ရပ်တည်ချက်တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင် ၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားပါသည်" ဟု ယနေ့ ထုတ်ပြန်ချက်တွင်…
Read More
ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

RNA_မတ်(၃)၊၂၀၂၃ ခုနှစ်။ ကဗျာဆရာကေဇဝင်း ရေးခဲ့သားခဲ့သည့် "ဦးခေါင်းခွံများအကြောင်း" ကဗျာထဲမှ "တော်လှန်ရေးရဲ့စနက်တံဟာ ခများမဟုက်ရင်ကျနော်ပဲ" စာသားကိုကိုင်ဆောင်ပြီး ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနား ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယနေ့ ကဗျာဆရာကေဇဝင်းနှင့် ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခြင်းစသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
ကော့ကရိတ် ကမိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက် 

ကော့ကရိတ် ကမိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက် 

RNA_မတ် (၃)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကမိုင်ကုန်းတွင်တပ်စခန်းချထားသည့် စစ်ကောင်စီတပ်ကို အဖိုးဘီဂျီ ဦးဆောင်သည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့တို့မှ ယမန်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ " ကျွန်နော်တို့ မနေ့က ကမိုင်ကုန်း စခန်းကို သွားတိုက်တာ အကျအဆုံးက မသိရသေးဘူး၊ ညဘက်ကြတော့ စကစက လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပစ်တယ်" ဟု ကျားဖြူစစ်ကြောင်းမှ တိုက်ပွဲတွင်ပါဝင်ခဲ့သူ ရဲဘော်သစ်နောင်နောင်က ပြောသည်။ ကျားဖြူစစ်ကြောင်းမှ စစ်ကောင်စီတပ် ကော့ကရိတ်  ကမိုင်ကုန်းစခန်းအား (၄၅) မိနစ်ဝန်းကျင်တိုက်ခိုက်နေစဉ်အတွင်း မဟာမိတ်တပ်ဖွဲ့တခုဖြစ်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဦးဆောင်သည့်ရဲဘော်များမှ စစ်‌ကူရောက်ရှိလာပြီး ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ #RedNewsAgency
Read More
ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

RNA_မတ်(၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာမှ ပြည်သူ(၁၀၀)ကျော်ခန့်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ယနေ့ညနေ ၄ နာရီခွဲခန့်တွင် အကြောင်းမဲ့ဖမ်းဆီး‌သွားကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများသည် ဖားကန့်မှော်ကျေးရွာများအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီးခြင်းများဆောင်ရွက်လျက်ရှိနေသည်။ စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာနှင့် ဆောင်းချိန်ကျေးရွာမှ ပြည်သူ(၃၀)ခန့်အားလည်းကောင်း၊ ‌ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာမှ ပြည်သူ (၄၀)ခန့်အားလည်းကောင်း ဖမ်းဆီးစစ်ဆေးပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။ #RedNewsAgency
Read More
ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် နဂါးနီစစ်ကြောင်းမှ ရဲဘော် စိုးမိုးကျော်(ခ) ဒိုကြီး ဈာပနကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Red Dragon Column - နဂါးနီစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၁) ဦးခန့်ကျဆုံးပြီး နဂါးနီစစ်ကြောင်းမှ ရဲဘော် ဒိုကြီီးကျဆုံးခဲ့ရခြင်းဖြစ်သည်။ Red News Agency
Read More
စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ

စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ခုနှစ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသ၊ ထားဝယ်-ထီးခီး လမ်းမပေါ်ရှိ ဗဲ့မဲ့တပ်တောင်အနီး၊ ကွာလီတောင်ကြောနှင့် သင်္ကန်းတုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၃) ဦးခန့် သေဆုံးခဲ့သည်။ ဥဩစစ်ကြောင်းနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ (၁၇) ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား (၁၀) ဦးသေဆုံးပြီး၊ နေ့လည်ပိုင်းတိုက်ပွဲတွင် (၃) ဦးသေဆုံးခဲ့ကြောင်း၊ယင်းတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးခဲ့ကြောင်းဥဩစစ်ကြောင်းကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားများ အသေအဆုံးများခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ထားဝယ်-ထီးခီးလမ်းမကြီးနေရာတိုက်ပွဲမှတ်တမ်းရုပ်သံကိုယနေ့မှာဥဩစစ်ကြောင်းထားဝယ်မြို့နယ်မှထုတ်ပြန်ထားသည်။ Red News Agency
Read More
ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ တွေ့ရှိသဖြင့် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ရဲဘော်များ သွာရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။ ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ၊ မပေါက်ကွဲသေးသည့်လက်နက်ကြီးအစစ် အဖူးများ စသည်တို့ကိုတွေ့ရှိပါက ကိုင်တွယ်ခြင်း မီးရှို့ခြင်းနှင့် လက်တည့်စမ်းပစ်ခတ်ခြင်း၊ လွှင့်ပစ်ခြင်းများမပြုလုပ်ကြရန် သတိပေးထားပြီး၊ တွေ့ရှိပါက နီးစပ်ရာ PDF တပ်ဖွဲ့များ အကြောင်း ကြားပေးရန် အသိပေးကြေဘာထားသည်။ နွေဦးတော်လှန်ရေးကာလ လက်နက်အစစ်ရှားပါးသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်လက်နက်ကြီးများပြုလုပ်ကာ စမ်းသပ်မှုများပြုလုပ်နေကြရကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာလည်း ကေါက်ကွဲမှု မရှိကြောင်း သိရသည်။ #RedNewsAgency
Read More
ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ချင်းတွင်းဒေသအတွင်း လက်နက်တပ်ဆင်ပေးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) သင်တန်းဆင်းရဲဘော်များ ပြန်လည်ရောက်ရှိလာသည့်အတွက် ပြည်သူများက အောင်သပြေပန်းများဖြင့် ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။ " လက်နက်တပ်ဆင်အပြီး ချင်းတွင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့ အမှတ်စဉ် (၁) သင်တန်း ဆင်း ABSDF ရဲဘော်တွေကို ဖေဖော်ဝါရီ(၂၄) ရက် ညနေ (၃) နာရီမှာ ဒေသခံပြည်သူ​တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းသာအားရကြိုဆိုခဲ့ကြတယ်" ဟု Nothern ABSDF က ယနေ့ အသိပေးထားသည်။ (more…)
Read More
ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။ " တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်" ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၆) နာရီဝန်းကျင်က KNUတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါသည်" ဟု BPLA ကထုတ်ပြန်ထားသည်။ (more…)
Read More