နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။
 
စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ)  Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။
 
ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင် လူငယ် ၅ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြသည့် ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်သားများ မတွေ့အောင် တိုက်ခန်းနောက် အမိုးပေါ်တွင် ပုန်းခိုကာ လွတ်မြောက်လာသူဖြစ်သည်။
နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ) Rapper Flexx အသက် (၂၁) နှစ်၏ ဈာပနအခမ်းအနားကို ရဲဘော်ရဲဘက်များ၊ တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။
 
#RedNewsAgency
By Editor