ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၃ခုနှစ်။

စစ်ကောင်စီ၏ တပ်မ (၉၉) နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ဒဏ်ရာရစစ်သည်တဦးကို စွန်ပစ်ထားခဲ့သည့်အတွက် MNDAA မှကယ်ထုတ်ခဲ့ရပြီး စစ်ကောင်စီတပ်ကို အရမ်းစိတ်နာကြောင်း ဖွင့်ဟဝန်ခံထားသည်။

စစ်ကောင်စီတပ်မ( ၉၉) လက်အောက် အထူးတပ်ရင်း (၁၅) တွင် တာဝန်ထမ်းဆောင်သော ဆေးတပ်သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ခင်မောင်အိုက်ကို တိုက်ပွဲအတွင်း ဒဏ်ရရှိချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့က စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မုံးကိုး ခရိုင်နန်ခုန့်ဒေသတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ စွန်ပစ်ခံ စစ်ကောင်စီတပ်သားကို ကယ်တင်နိုင်ခဲ့ကြောင်း၊ MNDAA မှ ကယ်တင်နိုင်ခဲ့ချိန် ဆေးကုသမှုပေးကာ ပြုစုစောင့်ရှောပ်ခဲ့သည့်အတွက် အလွန်ကျေးဇူးတင်ကြောင်း ပြောကြားထားသည့်ရုပ်သံကို MNDAA ကထုတ်ပြန်ထားသည်။

#RedNewsAgency
https://t.me/rednewsagency/5097

By RNA Editor