Tag: ဈာပန
-

နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန
RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ) Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=sUXxyBKJa7I[/embedyt]ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင် လူငယ် ၅ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြသည့် ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်သားများ မတွေ့အောင် တိုက်ခန်းနောက် အမိုးပေါ်တွင် ပုန်းခိုကာ လွတ်မြောက်လာသူဖြစ်သည်။နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ) Rapper Flexx အသက် (၂၁) နှစ်၏ ဈာပနအခမ်းအနားကို ရဲဘော်ရဲဘက်များ၊ တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။#RedNewsAgency -

တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင်
RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၁)တပ်ရင်း – ကျောက်လုံးကြီး တပ်မဟာ) မှ တပ်ခွဲမှူးနိုင်ဝင်းဈာပန ယနေ့ ပြုလုပ်ခဲ့ ပြည်သူ အများအပြားနှင့် PDF များပို့ဆောင်ခဲ့သည်။
[embedyt] https://www.youtube.com/watch?v=SqJs0yW6TcI[/embedyt]
“စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2023ခုနှစ် ဩဂုတ်လ 10ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ၏ အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။
-

ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန
ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၅) ဦးသေပြီး၊ ဖယ်ခုံ PDF ရဲဘော် ဒေးဗစ်ကျဆုံး
RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။
ရှမ်း – ကယား အစပ် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးပြီး၊ ဖယ်ခုံ PDF ရဲဘော်ဒေးဗစ် ကျဆုံးခဲ့ကြောင်း သိရသည်။
လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း (၂)၊ KNDF B03၊ URF တပ်ဖွဲ့တို့က ဖေဖော်ဝါရီ (၄) ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
-

ကလေးမြို့တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန
RNA- နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကလေးမြို့ တောင်ဘတ် မိုင် ၂၀ ဝန်းကျင်အကွာက နတ်ချောင်း နတ်မြောင်း၊ သာစည်၊ချောင်းခွ စသည့်ရွာအနီးတဝိုက်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်သွားရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးတပ်ရင်း(၇)၊ တပ်ခွဲ ( ၁ ) က ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် (အသက်၂၇နှစ်) ကျဆုံးသွားခဲ့သည်။ ပြည်သူတွေအတွက် တိုက်ပွဲမှာ အသက်ပေးခဲ့သည့် သူရဲကောင်း ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပနကို ရဲဘော်ရဲဘက်များ၊ ပြည်သူများက ယနေ့မှာ ပြုလုပ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=dXSOEgeMBW0[/embedyt]Red News Agency