နမ့်တိန်းစစ်စခန်း

ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

RNA_ဖားကန့် ဇန်နဝါရီလ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ နမ့်တိန်း‌ကျေးရွာ စခန်းကုန်းနှင့် ဝှေခါ‌ကျေးရွာအပိုင်းရှိ ဗျူဟာကုန်းနှင့်ရဲစခန်းကုန်းတို့အား KIA/KPDF များက တိုက်ခိုက်ခဲ့ပြီး နမ့်တိန်းစစ်တပ်စခန်းကုန်းနှင့် ဝှေခါကျေးရွာမှ ရဲစခန်းကုန်းတို့အား သိမ်းပိုက်ရရှိထားကြောင်း သိရသည်။ "နမ့်တိန်းက စစ်ကောင်စီရဲ့ အဓိကကျတဲ့အထိုင်စခန်းကို ရထားပါပြီ၊ ဝှေခါအပိုင်းက ရဲစခန်းကုန်းရထားပါပြီ၊ ရဲစခန်းမှူးကို အရှင်မိပါတယ်"ဟု KPDF ရဲဘော်တစ်ဦးက အတည်ပြုသည်။ (more…)
Read More