စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ

RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။

လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင် (၁၆၀၁)ဦးရှိကြောင်း၊ MNDAA နှင့် မဟာမိတ်များထံ စစ်ကောင်စီလက်အောက်ခံ နောက်ဆုံးအသုတ်အနေ ဖြင့်လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ၂၃၈၉ ဦး လက်နက်ချအညံ့ခံပြီးနောက် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်််််််််ကြောင်း၊ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသည့်နေရာများကို ပို့ဆောင်ထားပြီဖြစ်ကြောင်း၊ အလင်းဝင်လာသည့်သူများကိုလည်း ထပ်မံကြိုဆိုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

#RedNewsAgency

By Editor