RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၉၉) စစ်ကောင်စီတပ်စခန်းအား ဧပြီလ ၁၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း စနိုက်ပါ တာဝန်ခံ ရဲဘော် စောဘိုလေး ကျဆုံးခဲ့ရကြောင်း သိရသည်။
“ရဲဘော်သည် စစ်ကြောင်းအတွက် ချေမှုန်းရေးသာမက ခေါင်းဆောင်မှုပိုင်းတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်သည်သာမက တည်ဆောက်ရေး၊ အကျိုးပြုလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ထမ်းဆောင်ခဲ့သော ရဲဘော် ဖြစ်သောကြောင့် ရဲဘော်၏ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုအတွက် စစ်ကြောင်းအနေဖြင့် ယူကျုံးမရ နှမျှောတသဖြစ်ရပါသည်” ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခလရ (၂၉၉) စစ်ကောင်စီတပ်စခန်းအား ယမန်နေ့ နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်ထိ ခလရ (၂၉၉) တပ်ဝန်းထဲ တိုက်ပွဲပြင်းထန်ပြီး တပ်စခန်း အသိမ်းမခံရရေး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ကူယူခဲ့ရကြောင်း၊ စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်နှုကြောင့် ကိုးမိုင်ကျေးရွာပတ်ဝန်းကျင် ကျေးရွာများအတွင်း ကျရောက်ခဲ့ကြောင်း၊ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
#RedNewsAgency #RNA #RedNews