ခလရ ၂၉၉

တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း စနိုက်ပါတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံး

တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း စနိုက်ပါတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံး

RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၉၉) စစ်ကောင်စီတပ်စခန်းအား ဧပြီလ ၁၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း စနိုက်ပါ တာဝန်ခံ ရဲဘော် စောဘိုလေး ကျဆုံးခဲ့ရကြောင်း သိရသည်။ "ရဲဘော်သည် စစ်ကြောင်းအတွက် ချေမှုန်းရေးသာမက ခေါင်းဆောင်မှုပိုင်းတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်သည်သာမက တည်ဆောက်ရေး၊ အကျိုးပြုလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ထမ်းဆောင်ခဲ့သော ရဲဘော် ဖြစ်သောကြောင့် ရဲဘော်၏ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုအတွက် စစ်ကြောင်းအနေဖြင့် ယူကျုံးမရ နှမျှောတသဖြစ်ရပါသည်” ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More