14
Dec
RNA_ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြသူများ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက အရိုက်ခံခဲ့ရပြီး ယနေ့ နေ့လည်ပိုင်းအထိ ဆေးကုသခွင့် မရကြောင်း သိရသည်။ ” မနေ့က အစာငတ်ခံ ဆန္ဒပြတယ်၊ ပြီးတော့ သွေးသစ္စာသီးချင်းတွေ ဆိုကြတယ် ညကြတော့ အဲဒီ သီးသန့်ထောင်က ၅၀၅ တွေကို ထောင်မကြီးထဲပြောင်းတယ်၊ ထောင်ပိုင်က ရိုက်ဖို့အမိန့်ပေးတာ၊ ဒီနေ့ ထပ်ကြားရတာက ညကအရိုက်ခံရသူတွေကို ဆေးမကုရဘူးလို့ ထောင်ပိုင်က အမိန့်ထုတ်ထားတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် ရှေ့နေတချို့ထံက သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်းစိန်အကျဉ်းထောင် သီးသန့်ထောင်မှာထားသည့် မတရားဖမ်းဆီးခံထားရသူများက အစာငတ်ခံဆန္ဒပြ…