ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၃)မှ တပ်သား Khaing Lin Htut (ခေါ်) အဓိပတိကို တပ်ပြေးအဖြစ် ကြေညာ

RNA_စက်တင်ဘာ(၂၆)၊၂၀၂၂ခုနှစ်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ (၃)တွင်တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်သား Khaing Lin Htut (ခေါ် ) အဓိပတိကို တပ်ပြေးအဖြစ် ယနေ့ ထုတ်ပြန်ကြေညာထားသည်။

Khaing Lin Htut (ခေါ် ) အဓိပတိ ကိုယ်ပိုင်နံပါတ် – P 29909207 သည် ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်ထားသည့် စည်းမျဥ်းစည်းကမ်းဥပ​ဒေများကို လိုက်နာခြင်းမရှိ ချိုးဖောက်ပြီး ဩဂုတ်လ (၉) ရက်နေ့ (9.8.2022) က တပ်ခွဲ (၃)မှ ထွက်ပြေးသွားကြောင်း၊ စစ်ကြောင်းနှင့်တပ်ခွဲအပေါ် အမည် ပျက်စေသည့် အပြုအမူပြုလုပ်နေသူများကို အသေဖျတ်မှုနှင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျားဖြူစစ်‌ကြောင်း တပ်ခွဲ(၃) တပ်ခွဲမှူး ဗိုလ်ဇော်ထက်က ယနေ့ထုတ်ပြန်ထားသည်။

Edit ——–

” ကျွန်တော် ကျားဖြူ တပ်ခွဲ – ၃ ကနေ ထွက်ခဲ့ခြင်းသည် မှန်ပါသည်။ ဒါပေမယ့် ပြေးခဲ့ခြင်းမဟုတ်ပါ စာတင်ခဲ့ပါတယ် စစ်ကြောင်းမှူးထံသို့ တပ်ခွဲမှူးနှင်တကွ အတူသွားခဲ့ပါတယ်။ တပ်ခွဲမှာ ထွက်လာစဉ်အခါမှာ ခိုးကြောင် ခိုးဝှက်ထွက်သွားခြင်း မဟုတ်ပဲ ရဲဘော်တွေကိုတောင် နှုတ်ဆက်ပြီးမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပါတယ်” ဟု တပ်ပြေးဟု စွပ်စွဲခံရသူက လူမှုကွန်ယက်တွင် ပြန်လည်ရေးသားထားသည်။” ကျွန်တော် ကျားဖြူ တပ်ခွဲ – ၃ ကနေ ထွက်ခဲ့ခြင်းသည် မှန်ပါသည်။ ဒါပေမယ့် ပြေးခဲ့ခြင်းမဟုတ်ပါ စာတင်ခဲ့ပါတယ် စစ်ကြောင်းမှူးထံသို့ တပ်ခွဲမှူးနှင်တကွ အတူသွားခဲ့ပါတယ်။ တပ်ခွဲမှာ ထွက်လာစဉ်အခါမှာ ခိုးကြောင် ခိုးဝှက်ထွက်သွားခြင်း မဟုတ်ပဲ ရဲဘော်တွေကိုတောင် နှုတ်ဆက်ပြီးမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပါတယ်” ဟု တပ်ပြေးဟု စွပ်စွဲခံရသူက လူမှုကွန်ယက် https://m.facebook.com/story.php?story_fbid=pfbid02SWVPG2rPLYWoBkVkmEsuBeb2Ru32ZzxgZgviWDa38J2sLvoZDW9oSSDFqhctso1ol&id=100068740363443 တွင် ပြန်လည်ရေးသားထားသည်။

Red News Agency

By Editor