စကစ

မင်းအောင်လှိုင်က ဇော်မင်းထွန်းကို ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့် 

မင်းအောင်လှိုင်က ဇော်မင်းထွန်းကို ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့် 

RNA_နိုဝင်ဘာ (၁၇)၊၂၀၂၂ ခုနှစ်။  အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင််က နစက အလိုကျ သတင်းထုတ်ပြန်ပေးနေသည့် ဇော်မင်းထွန်းကို ယနေ့မှာ ဇေယျကျော်ထင်ဘွဲ့ ချီးမြင့်ကြောင်း ထုတ်ပြန်လာသည်။  အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌလုပ်နေသည့် မင်းအောင်လှိုင်သည်် ယနေ့ ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုကာ စစ်တပ်လက်အောက်မှ အမိန့်နာခံသူများကို မဟာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့ စသည်တို့ကို ပေးအပ်ကြောင်း ကြေညာခဲ့သည်။ (more…)
Read More
မင်းအောင်လှိုင် လိုက်ပါသည့်ကားတန်း ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားမောင်းသမား အရေးယူခံရ

မင်းအောင်လှိုင် လိုက်ပါသည့်ကားတန်း ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားမောင်းသမား အရေးယူခံရ

RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။ နေပြည်တော်တွင် မင်းအောင်လှိုင် လိုက်ပါလာတဲ့ ကားတန်းကို ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားသံလမ်းပြေးယာဉ်မောင်း အရေးယူခံထားရကြောင်း သိရသည်။ တိုင်းအမှတ်(၅)နယ်မြေ၊ ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်၊၂၂၆/ ၁၆-၁၇ ရှိ GE ဂိတ်(တရားဝင်မြို့ပြဂိတ်)မှာ အောက်တိုဘာလ (၁၉) ရက်နေ့က မင်းအောင်လှိုင် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းစဉ် ့ရထားယာဉ်မောင်း ဖိုးလပြည့်၊ လုပ်သားမောင်းနှင်လာသည့် ပလက်တွဲ (၁)တွဲပါရှိသည့် 68-RGC သံလမ်းပြေးယာဉ်ဖြတ်သန်းခဲ့လို့ ယာဉ်တန်းရပ်တန့်မှုဖြစ်ပွားခဲ့သည်။ (more…)
Read More
သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

ဖားကန့်၊ အောက်တိုဘာ (၃)၊၂၀၂၂ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် Voice of Milikha သတင်းဌာန၏ သတင်းထောက် ကိုနောင်ရိုးသည် ယနေ့ နံနက် (၈)နာရီက ဖားကန့် (မဇွပ်ယန်) အချုပ်ထောင်မှ လွတ်‌မြောက်လာသည်။ "ကျွန်တော် စကတည်းက သတင်းထောက်လုပ်တယ်၊ ဖမ်းဆီးခံရပြီး ထောင်ကျတယ်၊ ခုလည်းသတင်း ထောက်အလုပ်ပဲ ဆက်လုပ်သွားမယ်၊ ဖမ်းဆီးခံရလို့လည်း နောင်တမရဘူး၊ ကျွန်တော် မှန်တဲ့အလုပ်ကို လုပ်နေတာခြင်းသာဖြစ်တယ်" ဟု ယနေ့ လွတ်မြောက်လာသည့် သတင်းထောက် ကိုနောင်ရိုးက ပြောသည်။ (more…)
Read More
စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်တပ်ကို ဦးဆောင်နေသည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ NLD အစိုးရထံမှ အာဏာသိမ်းရန် အကြံပေးတိုက်တွန်းခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို မြို့ပြပြောက် ကျားတပ်ဖွဲ့က ယနေ့ နေ့လည် (၃) နာရီဝန်းကျင်က ရန်ကုန်မြို့ လှိုင်မြို့နယ် ( ၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။ "အငြိမ်းစားယူထားသော်ငြားလည်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အား ပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာသိမ်းရန် တိုက် တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များ ရရှိနေသူ၊ တော်လှန်ရေးရဲဘော်များအား အ ကြမ်းဖက်နှိမ်နှင်းရန်​တိုက်တွန်း စေခိုင်းသူ အစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ။ နောက်ထပ် mission တွေလဲ ဆက်လက်ဖော်ဆောင်သွားဦးမှာပါ" Inya…
Read More