စုပေါင်း ဦးဆောင်မှုဖြင့် PDF (၂၅) ဖွဲ့ ပူးပေါင်းကာ ဘုံရန်သူအား တော်လှန်မည်

RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။
KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ မှ စည်းရုံးဦးဆောင်၍ နယ်မြေအတွင်း ပြန့်ကျဲနေသော PDF (၂၅) ဖွဲ့ပူးပေါင်း၍ “KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု” အဖြစ် စုစည်းကာ ဘုံရန်သူအား တော်လှန်သွားမည်ဖြစ်ကြောင်း သိရသည်။
” မှတ်ပုံတင်ခွင့်တောင်းခံထားသော အဖွဲ့အစည်းများအနက် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုသည့် အဖွဲ့အစည်း(၂၅)ဖွဲ့အား အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေပေးခဲ့ပြီး အဖွဲ့အစည်းခေါင်းဆောင်များအားလုံးမှ“တပ်ပေါင်းစုအသွင်”ဖြင့် ဘုံရန်သူအား စုပေါင်းတော်လှန်သွားရန် တညီတညီတညွတ်တည်း ဆုံးဖြတ်ခဲ့၍ ၎င်းအဖွဲ့အစည်း(၂၅)ဖွဲ့စုပေါင်း၍“KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု” အဖြစ် အောင်မြင်စွာဖွဲ့စည်းပြီး ဖြစ်ကြောင်း” မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ (၁)က ယနေ့ ထုတ်ပြန်ထားသည်။
Red News Agency
By Editor