ပုလဲ

ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

RNA_ဩဂုတ်(၂၂)၊၂၀၂၃ ခုနှစ်။ အဖွဲ့အစည်းအတွင်း တပ်ရင်းမှူး တဦးက ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ ဖမ်းဆီးမည်အထိ လုပ်ဆောင်သည့် သစ္စာဖောက် ခံခဲ့ရသည်ဟု ဗိုလ်နဂါးက ယမန့်နေ့ညက ပြုလုပ်သည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။ NUG-MOD နှင့် ဆက်ဆံရေးကောင်းရှိနေပြီး တပ်ရင်းမှူးတဦးက ဒုစစ်ဦးစီးချုပ်အထိတောင်းသည်ကို မပေးသည့်အတွက် ဒေသတွင်းအဖွဲ့တချို့နှင့်ပေါင်းကာ သစ္စာဖောက်ခံခဲ့ရကြောင်း၊ သစ္စာဖောက်သွားသည့် ရင်းမှူးကို ထုတ်ပယ်လိုက်ပြီ စသည့် အဖွဲ့အစည်းတွင်းအခြေအနေများကို ပြောကြာားထားသည်။ Red News Agency
Read More
ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People's Defense Force - M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။   “၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီး​တော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း…
Read More
တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခဲ့ရာ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MRDA ရဲဘော် (၆) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ "တိုက်ပွဲတလျှောက်ကျေးရွာတွေအတွက် အပင်ပန်းခံကာကွယ်ပေးခဲ့ကြတဲ့ညီငယ်တွေ၊ ပြည်သူ့ဘဝလွတ်မြောက် ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကိုပေးရဲခဲ့ကြတဲ့ MRDA ကအားထားရတဲ့ညီငယ်ရဲဘော်တွေရဲ့အသက်မဲ့ ခန္ဓာကိုယ်တွေကို သင်္ဂြိုလ်ဖို့စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ခံစားမှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတယ်" ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ (more…)
Read More
စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး သေဆုံး 

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ပျားအိုကျေးရွာအပါအဝင် ရွာ (၄) ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်း ပစ်ခတ်မှုများပြုလုပ်ကာ ကျေးရွာကိုစီးနင်းစဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ "ဒီနေ့ ဝင်အစီးခံရတဲ့ရွာတွေက ယမားချောင်းပဲခြားတာ၊ ပျားအိုက ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတယ်၊ သေခတ်ဝင်တာဆိုတော့ တော်တော်ကြမ်းတယ်၊ အမျိုးသားတဦးလည်းသေတယ်၊ အရင်တခါလဲ ရင်ပေါင်တိုင်က အစီးခံရပြီးပြီ၊ သေတဲ့သူတွေ ဘယ်လိုသေသွားလည်း အတိအပျမသိရသေးဘူး၊ သေနတ်မှန်တာလား ရိုက်သတ်ခံရတာလားဆိုတာကတော့ ပြောမရသေးဘူး" ဟု Red News Agency ၏ နယ်မြေခံသတင်း ထောက်က သတင်းပေးပို့ထားသည်။ စစ်ကောင်စီတပ်…
Read More
“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်းတနေရာတွင် မြန်မာ့တောင်ဝင်နဂါးတပ်တော် (MRDA) ဦးဆောင်မှုဖြင့် စစက်တင်ဘာလ (၂၄) ရက်နေ့က "ပြာပုံထဲကသွေးဖြင့်ဆက်လက်တော်လှန်ကြ " ခေါင်းစဥ်ဖြင့်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်​ရး သပိတ်စစ်ကြောင်းတွင် 96 soldiers -PDF ( အညာမြေတပ်ခွဲ) ရဲဘော်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းစသည့်ဒေသမှ အညာလူထုသည် စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ်ခိုင်မာနေသည့်အတွက် ဒေသခံကာကွယ်ရေး တော်လှန်ရေးရဲဘော်များကို အညာလူထုတန်ဖိုးထားသည့် လက်ဝတ်ရတနာများကို ချွတ်ကာ လှူဒါန်းနေကြကြောင်း သိရသည်။ အညာလူထု တန်ဖိုးထားသည့် လက်ဝတ်ရတနာများကို စက်တင်ဘာလ ၁၇ ရက်နေ့က လူငယ်သူရဲကောင်းတပ်(YRF)ကို ပြည်သူများက လှူဒါန်းခဲ့ကြောင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှ ပြည်သူများကလည်း။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ရွှေနားကပ်၊ ရွှေလက်စွပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။ (more…)
Read More
တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

RNA_ဇူလိုင် ၁၄၊၂၀၂၂ခုနှစ်။ အင်တာနက်ဖြတ်တောက်ခံထားရသည့်စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ကန့်ဒေါင့်အုပ်စု၊တောင်ရွာသစ်ကျေးရွာမှ အ​ပြစ်မဲ့ကျေးရွာသူရွာသားတချို့ကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သိရသည်။ "ဆက်သွယ်ရေးဆိုးဆိုးဝါးဝါးအဖြတ်ခံထားရလို့ မီဒီယာမှာမပေါက်ရောက်တဲ့ခုလိုဖြစ်ရပ်တွေ ကျနော်တို့စစ်ကိုင်းမှာ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်ရိုက်ယူလာကြလို့သာ သိရတာပါ။2Gအင်တာနက်လေး ရဖို့ဆိုရင်တောင် ခွေးတွေနဲ့မလှမ်းမကမ်း(ဒါမှမဟုတ်) တောင်ကြိုတောင်ကြားတစ်နေရာ၊တစ်ခါတလေ တခြားမြို့နယ်ထိ ထွက်ရပါတယ်" ဟု တော်လှန်ရေးရဲဘော် ကဗျာဆရာ နှင်းရိပ်နွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။ ကဗျာဆရာ နှင်းရိပ်နွေ ရေးသားထားသည့် "စစ်ပွဲဧရိယာ" တော်လှန်ရေးကဗျာစာအုပ် (E-Book) ကို ရောင်းချနေပြီး လူမသိသူမသိဒုက္ခရောက်နေတဲ့ပြည်သူတွေသည့် မြေပြင်မှာအသက်ပေးတော်လှန်နေရပြီး နာမည်ယူရကောင်းမှန်းမသိသူများ ၊ မီဒီယာပေါ်မရောက်သည့်အတွက် နာမည်မရသည့်အဖွဲ့အစည်းတွေကို ပိုကူနိုင်ဖို့အတွက် ရောင်းချနေကြောင်း သိရသည်။ Red News Agency
Read More
စုပေါင်းရုံးကို တာဝေးပစ်လက်နက်ကြီးအချက်၂၀ ကျော် ပစ်ခတ်၊ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အနီးကပ် မိုင်းဆွဲ 

စုပေါင်းရုံးကို တာဝေးပစ်လက်နက်ကြီးအချက်၂၀ ကျော် ပစ်ခတ်၊ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အနီးကပ် မိုင်းဆွဲ 

RNA_ဇူလိုင်၁၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ရှိ စုပေါင်းရုံးအတွင်း ဒေသခံပြည်သူကာကွယ်ရေး မဟာမိတ်တပ်များက ယမန်နေ့ညနေ ၆ နာရီဝန်းကျင်က တာဝေးပစ်လက်နက် ကြီးအချက်၂၀ ကျော်ပစ်ခတ်ကာ စစ်မြူပြီး ထွက်လာသည့် စစ်ကောင်စီတပ်သား ၆ ယောက်ထွက်လာစဉ် အနီးကပ်မိုင်းဆွဲတိုက်ခိုက်ရာ (၂) ဦးသေဆုံးကြောင်း သိရသည်။ ပုလဲမြို့ စုပေါင်းရုံးနှင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပုလဲတပ်ရင်း(၄)၊ဒေါင်းနက်‌နယ်စည်းမခြားပြောက်ကျား တပ်ဖွဲ့ ပုလဲတပ်ရင်း(၅)၊ဒေသခံ Local PDF တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၆ နာရီမှ ၈ နာရီအထိ တိုက်ခိုက်ခဲ့ကြကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

RNA_ဇွန် ၃၀၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် တိုက်ပွဲများစွာ ဖော်ဆောင်ခဲ့သော တိုက်ခိုက်ရေးလှုပ်ရှားသူများက NUG ကာကွယ်ရေးဝန်ကြီးဌာန ( MOD) နှင့် လက်တွဲဆောင်ရွက်နိုင်ရေး လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE-YRF ) ဖွဲ့စည်းကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။ အညာမြေထူးပျောက်ကြားတပ်ဖွဲ့၊ ကျားသစ်နက်၊ Future Generation၊ PRA ခွဲ ၃၁ ၊မြိုင်PDF၊ နောက်မြောက်တိုင်း PDF တပ်ဖွဲ့ များနှင့်အတူ လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE -YRF ) တို့က ဇွန်လ ၁၅…
Read More