ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး လက်နက်ကြီးထိမှန်ကျဆုံး 

RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအတွင်း တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) လက်အောက်ခံ (KDF)တပ်ဖွဲ့ မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေးသည် လက်နက်ကြီးထိမှန်ကာ ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ဝန်းကျင်က ကျဆုံးခဲ့ကြောင်း သိရသည်။

” ဒီမော့ဆို မြို့ ၊ကုန်းသာကျေးရွာ အတွင်း တိုက်ပွဲ မှ ထိခိုက်ဒဏ်ရာ ရရှိသော ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) လက်အောက်ခံ KDF တပ်ဖွဲ့ မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး (ခ) အခြောက်မသည် အကြမ်းဖက်တို့ ၏ လက်နက်ကြီး ကျည် ထိမှန်ခဲ့ပြီး ယနေ့ မနက်၁၀:၂၅မိနစ် အချိန်တွင် ရံဝံ့စွာ ဂုဏ်ယူစွာ ဖြင့် ကျဆုံးသွားခဲ့ပါသည်” ဟု Karenni Revolution Union (KRU) မှ ထုတ်ပြန်ထားသည်။

ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ် းဖက်စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု – Karenni Revolution Union (KRU) နှင့် မဟာမိတ်ရဲဘော်များက ယမန်နေ့ ( စက်တင်ဘာ ၂၆ ရက်) ညနေ ၄ နာရီဝန်းကျင်မှ ၆ နာရီ ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ ( ၁၅ ) ဦးဝန်းကျင် သေဆုံးခဲ့ပြီး၊ KRU မှ ရဲဘော်တဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ယနေ့ ကျဆုံးသွားခြင်း ဖြစ်သည်။

Red News Agency

By Editor