Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

    လေကြောင်းသုံးပစ်ခတ်သည့်နေ့က ဒဏ်ရာရရှိခဲ့သည့် ကျောင်းဆရာ တော်လှန်ရေးရဲဘော် ကျဆုံး

    RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    ငွေတောင်ဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျောင်းဆရာ တော်လှန်ရေးသမား ရဲဘော် ဟင်နရီ ယနေ့ နံနက်တွင်ကျဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။

    ” ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော မိမိတို့ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဥ် ကျဆုံးခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်ပါသည်” ဟု KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ရသည့် ပြည်သူ့ သူရဲကောင်း ရဲဘောင်သည် ယခင်က ကျောင်းဆရာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နွေဦးတော်လှန်ရေးကာလ လက်နက်ဆွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၃၀) ဝန်းကျင် သေဆုံးနိုင်ပြီး၊လွိုင်ကော် PDF ရဲဘော် (၈) ဦး၊ ဒီးမော့ဆို PDF ရဲဘော် (၅) ဦး တဦးပြင်းထန် ဒဏ်ရာများရရှိခဲ့သလို မဟာမိတ်အဖွဲ့များဖြစ်သည့် KA ၊မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KGZ စသည့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    Red News Agency

  • မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

    မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု KNU ဥက္ကဋ္ဌ ပြောကြား 

    RNA_ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    မိမိတို့အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေသည့် မတရားသည့် နိုင်ငံရေးစနစ်များကို မှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြရမည်ဟု ကရင်အမျိုးသားအစည်းအရုံး ( KNU) ဗဟို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖို့က ပြောကြားထားသည်။

    ယနေ့ ၂၀၂၂ ခုနှစ်၊ ‌ဇန်နဝါရီလ ၂ ရက်နေ့သည် သလေ လဆန်း ၁ ရက်၊ ၂၇၆၁ ခုနှစ်မြောက် ကရင့်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ ကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှု၊ ဘဝ၊ ဓလေ့ ၊ ထုံးတမ်းစဉ်လာများသည် အမျိုးသားလက္ခဏာတရပ်ဖြစ်ကြောင်း သိရသည်။

    (more…)

  • DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

    DMO-PDF နှင့်မဟာမိတ်များ ဒီးမော့ဆို မြို့မရဲစခန်းကို တိုက်ခိုက် 

    RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည် (ကယား) ဒီးမော့ဆို မြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)နှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့ဝင်များနှင့် ယနေ့ သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယနေ့ ဒီးမော့ဆို မြို့မရဲစခန်းတိုက်ပွဲနှင့် ငွေ​တောင်အုပ်စုဘက်မှ ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်ဖွဲ့နှင့် ‌ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်သီဘက်က အကျအဆုံးများနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခဲ့ကြောင်း DMO-PDF က ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့်နေ့ ငွေတောင်ဆည်အနီးတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာပြီး တိုက်လေယာဉ် (၂) စီးအသုံးပြု ပစ်ခတ်ခဲ့သေည်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များမှာ ဒဏ်ရာရရှိသူများသာရှိပြီး စစ်ကောင်စီတပ်က (၃၀) ဝန်းကျင်သေဆုံးနထုင်သည်ဟု ထုတ်ပြန်ထားကြကြောင်း၊ ယနေ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲပြင်းထန်ခဲ့သည့် ငွေတောင်ဆည်အနီးတဝိုက် နယ်မြေရှင်းလင်းရေး လုပ်နေကြကြောင်း သိရသည်။

    Red News Agency

  • NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

    NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

    RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ PVTV ရုပ်သံအစီစဉ် ” တပ်ပျက်လုလု ဖိုးတက်ပု” သရော်စာကဏ္ဍ တင်ဆက်သူ ကိုအောင်နေမျိုး၏ ကျန်းမာရေးမကောင်းသည့် ဖခင်အပါအဝင် မိသားစု (၅) ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။ စစ်ကောင်စီတပ်က ကိုအောင်နေမျိုးကို ဖမ်းဆီးမရသည့်အတွက် ဓားစာခံအဖြစ် လေဖြတ်နေသည့် ဖခင်၊ မိခင်၊ အစ်မ နှစ်ယောက်နှင့် တူမ တို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဖမ်းဆီးသွားကြောင်း၊ မိသားစုဝင်များ အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ကိုအောင်နေမျိုးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=Nkw_p9JCSlo[/embedyt]Red News Agency

  • “အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်ကာ ၂၀၂၂ ခုနှစ် နှစ်သစ်ကို ကြိုဆို

    “အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်ကာ ၂၀၂၂ ခုနှစ် နှစ်သစ်ကို ကြိုဆို

    RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံမှ မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က အကြမ်းဖက် အာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ နွေဦးတော်လှန်ရေး ဆင်နွှဲနေကြပြီး ယနေ့ည ၁၂ နာရီတွင် ” အရေးတော်ပုံ အောင်ရမည်” ဟု (၃) ကြိမ် အကျယ်လောင်ဆုံးသံပြိုင်ကြွေးကြော်ကာ ပြည်သူလူထုက ၂၀၂၂ ခုနှစ် နှစ်သစ်ကို ဆိုခဲ့ကြသည်။ [embedyt] https://www.youtube.com/watch?v=_Xv8Uf47kmw[/embedyt]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုကာ ပြည်သူ့အစိုးရ ခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့စည်းနှင့် ထင်ရှားသည့် ပုဂ္ဂိုလ်များကို အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးလိုက်သည့်အတွက် ပြည်သူတရပ်လုံးက စစ်အာဏာရှင်တော်လှန်ရေး ( နွေဦးတော်လှန်ရေး) ငြိမ်းချမ်းစွာဆန္ဒပြမှုမှစတင်ကာ လက်နက်ဆွဲကိုင် တော်လှန်သည့် အခြေအနေထိ စစ်အာဏာရှင် အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ချီတက်နေကြသည်။

    စစ်တပ်အာဏာသိမ်းသည့် (၁၁) လ အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းအရ ပြည်သူ ( ၁၃၈၄ ) ဦးကျဆုံးခဲ့ရပြီး၊ (၈၃၃၈) ဦး ဖမ်းဆီးခံထားရကြောင်း၊ မြေပြင်အခြေအနေမှာ ယခုစာရင်းထက် ပိုနိုင်ကြောင်း AAPP က ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့ ထိခိုက်ဒဏ်ရာရရှိ

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီးပြည် (ကယား) ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : ယနေ့ ငွေတောင်ဆည်အနီးတိုက်ပွဲ လေကြောင်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဆေးတပ်ဖွဲ့က သယ်ယူနေစဉ် _ CJ။

    အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF) ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ လွိုင်ကော် PDF ၊ KGZ၊ KNDF နှင့် အခြား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် (၉) နာရီမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ် အထိနာပြီး လက်နက်ကြီး ပစ်ကူယူသလို ဂျက်ဖိုက်တာ တိုပ်လေယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီ ၄၀ မိနစ်အချိန်မှစတက်ကာ မိနစ် (၂၀) ကြာ လာရောက်တိုက်ခိုက်ခဲ့ကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။

    ယနေ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အသေအဆုံးရှိသော်လည်း အတိအကျမသိရသေးကြောင်း၊ ညနေပိုင်းအထိ တိုက်ပွဲမပြီးသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့မှလည်း ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    Red News Agency

  • ၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

    ၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေဟာ တော်လှန်ရေး ဆင်နွှဲနေရင်း ၂၀၂၁ ခုနှစ် နောက်ဆုံးရက် ညနေခင်းမှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားမှု နည်းပါးနေတာ တွေ့မြင်ရသည်။

    စစ်တပ်အာဏာသိမ်းပြီး ပြည်သူတွေ ၂၀၂၁ ခုနှစ် တနှစ်လုံးနီးပါး ဝမ်းနည်းပူဆွေးမှုတွေ မျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရပြီး ခုခံစစ်နှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးကြီးအောင်မြင်ပါစေဟု Red News Agency က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်လိုက်သည့် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရှိရေး၊ တန်းတူညီမျှမှုနှင့်လူ့အခွင့်အရေးများအတွက် မပြီးပြတ်သေးသည့် တော်လှန်ရေးကြီး ၂၀၂၂ ခုနှစ်အတွင်းမှာ အောင်မြင်စေကြောင်း Red News Agency သတင်းဌာနဝိုင်းတော်သားများက ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနှင့် ကမ္ဘာ့နိုင်ငံသားများအားလုံး စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ။

    Red News Agency

  • “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

    “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

    “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ‌ယနေ့ ညနေပိုင်းက “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်” စာသာများ ကိုင်ဆောင်ပြီး ကြွေးကျော်သံများဖြင့် ကျေးရွာများအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။


  • ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

    ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

    RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခံရသူများနှင့် ခုခံတော်လှန်စစ်အတွင်း ကျဆုံးသွားသည့်ရဲဘော်များအတွက် ယနေ့ညတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှေ့တန်းတနေရာတွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=QW-FYuSUOJ4[/embedyt] Red News Agency

  • အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

    အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဇော်လင်းအောင်၊ သပြေဆောင် (အကျဆောင်) အဆောင်မှူး ( နှစ်ပွင့်) ရဲကျော်သူနှင့် လက်ပါးစေ လူမိုက်များ လက်ချက်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ‌ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိ ရိုက်နှက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

    အင်းစိန်ထောင် အထူးတရားရုံးက ငြိမ်းစုစီ ပုဒ်မ၊ ၅၀၅ (ခ) တို့ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကိုဝေယံဖြိုးမိုး ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခံရပြီး ထောင်ထဲပြန်ဝင်ချိန် ထောင်ဗူးဝ အကျရုံးတွင် ကိုယ်ရေးအကျဉ်းနှင့်အမှုဖြစ်စဉ် စာရင်းသွင်းချိန်တွင် ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထောင်ကျအကျဉ်းသားများထားရှိသည့် သပြေဆောင်အဝင်တွင် အဆောင်မှူး ရဲကျော်သူက ဆီးရိုက်ကြောင်း၊ ရဲကျော်သူနှင့်အတူ ဝန်ထမ်း (၂) ဦးက ဝိုင်းရိုက်ကြကြောင်း၊ အိပ်ဆောင်ပို့ပြီး ပုံစံထိုင်ခိုင်းစဉ် မထိုင်ရမလားဟုဆိုကာ အဆောင်မှူး လက်သတ်မွေးထားသည့် လူမိုက်အဖွဲ့ ( တန်းစီးနှင့် အပေါင်းအပါ) က ဝိုင်းရိုက်ကြသည့်အတွက် တစ်ကိုယ်လုံး ဒဏ်ရာများရရှိနေပြီး နံရိုးကျိုးထားကြောင်း၊ ဆေးကုသခွင့်မရကြောင်း သိရသည်။

    ” ဒါက အညိုးအတေးနဲ့လုပ်နေတာ ကျောင်းသား ခေါင်းဆောင်တယောက်လဲ ဖြစ်တယ်၊ အသားလွှတ် ဒီလိုလုပ်စရာ မရှိဘူး၊ ထောင်ပိုင်လုပ်ခိုင်းလို့သာ ဝန်ထမ်းနဲ့လက်ပါးစေတွေက လုပ်တာ၊ ဘယ်လောက်ဆိုးရွားနေလဲဆိုရင် ရိုက်နှက်ပြီးတော့ ဆေူကုသခွင့်မပေးဘူးကြားတယ်၊ ဒီကောင်တွေက ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး၊ ထောင်ပိုင်တွေ‌ ခေတ်အဆက်ဆက် သတ်လို့သေတဲ့ အကျဉ်းသားတွေ နည်းတာမဟုတ်ဘူး၊ အခုလဲ သေအောင်သတ်နေတာပဲ၊ ထောင်ထဲလောက် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဘယ်နေရာမှ မရှိဘူးပြောရမယ်၊ တကယ့်သေတွင်းကြီး၊ အခုထောင်ပိုင်က စစ်တပ်ကပြောင်းလာတာ တကယ့်အာဏာရူး၊ အာဏာအတွက်ဆို သတ်လောက်တယ်” ဟု မကြာမီက လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။

    (more…)