သတင်း

လက်နက်နှင့် ခလရ ၂၂၆ က တပ်ကြပ်ကြီး ပြည်သူ့ရင်ခွင်ခုံလှုံသည့်အတွက် ဆုငွေ ကျပ် သိန်း၅၀ ရရှိရာ ၁၅ သိန်းပြန်လှူ

လက်နက်နှင့် ခလရ ၂၂၆ က တပ်ကြပ်ကြီး ပြည်သူ့ရင်ခွင်ခုံလှုံသည့်အတွက် ဆုငွေ ကျပ် သိန်း၅၀ ရရှိရာ ၁၅ သိန်းပြန်လှူ

RNA- အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ဟားခါးအခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၆) တမူးရှေ့တန်းစခန်းက တပ်ကြပ်ကြီးစာရေး ခေါဂေလိန်းက M3 ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်ဆံ ၂၀၀၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ တမူး ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁) သို့ ပြည်သူ့ရင်ခွင်ခုံလှုံခဲ့သည့်အတွက် ကျပ်သိန်း ၅၀ ဆုချရာ တပ်ကြပ်ကြီးက ၁၅ သိန်း ပြန်လှူခဲ့ကြောင်း ပြည်သူများကို အသိပေးထားသည်။ တပ်ကြပ်ကြီးစာရေးတာဝန်ထမ်းဆောင်သူ တ-၅၃၉၇၀၂ ခေါဂေလိန်းသည် စက်တင်ဘာ ၂၃ ရက်နေ့က ပြည်သူ့ရင်ခွင် ခုံလှုံခဲ့ခြင်းဖြစ်ကြောင်း၊ သွားလိုသည့် လွတ်မြောက်နယ်မြေသို့ လုံခြုံဘေးကင်းစွာ ရောက်ရှိရန်…
Read More
ထန်တလန်မှာ နေအိမ် ၃၀၀ ခန့် နှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်မှုအတွက် တရားစီရင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု NUG ပြည်ထဲရေးဌာန ထုတ်ပြန်

ထန်တလန်မှာ နေအိမ် ၃၀၀ ခန့် နှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်မှုအတွက် တရားစီရင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု NUG ပြည်ထဲရေးဌာန ထုတ်ပြန်

RNA- အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ လုပ်ရပ်ကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့က လူနေအိမ် ၃၀၀ ခန့်နှင့် ဘာသာရေးအဆောက်အအုံးများ မီးလောင်ပျက်စီးသွားမှုနှင့် ပတ်သက်ပြီး NUG အစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် တရားစီရင်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ ” ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကို အပြည့်အဝ တာဝန်မှုရှိစေရေး၊ တရားဥပ‌ဒေအောက် အရောက်ခေါ်ယူ၍ ပြည်သူ့တရားစီရင်နိုင်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ချိတ်တွဲလျက် ဖက်ဆစ်စစ်တပ်အပေါ် အရေးယူနိုင်ရေးကို ကြိုးပမ်းဆောင် ရွက်သွားမည်” ဟု ထုတ်ပြန်ချက်‌တွင် ဖော်ပြထားသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်…
Read More
အာဏာသိမ်း စစ်တပ်ထောက်ခံပွဲ ပါဝင်သူများ၏ အသက်အန္တရာယ်ကို တာဝန်မယူဟု ပုလော PDF ထုတ်ပြန်

အာဏာသိမ်း စစ်တပ်ထောက်ခံပွဲ ပါဝင်သူများ၏ အသက်အန္တရာယ်ကို တာဝန်မယူဟု ပုလော PDF ထုတ်ပြန်

RNA – အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ပုလော မြို့နယ်အတွင် စစ်ကောင်စီယာဉ်တန်းများကို အချိန်မရွေးဖြိုခွင်းသည့် ပစ်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း၊ စစ်ကောင်စီအားပေးထောက်ခံသူများ၊ ထောက်ခံပွဲတွင် ပါဝင်သူများ၏ အသက်အန္တရာယ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။ Photo: PDF Palaw အာဏာသိမ်း စစ်ကောင်စီအဖွဲ့က နိုင်ငံတကာကို ပြည်သူများထောက်ခံမှုရှိသည်ဟု လိမ်လည်ပြချင်သည့် အတွက် ပျူစောထီး၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်၊ ဘာသာ‌ ရေး အစွန်းရောက်နှင့် စစ်တပ်မိသားစုတချို့က ယခုရက်ပိုင်း ထောက်ခံပွဲအမည်တပ်ကာ နေ့စားခယူပြီး လမ်းပေါ်ထွက်နေကြောင်း သိရသည်။ Photo: PDF Palaw ပုလော PDF အပါအဝင်၊…
Read More
တပတ်အတွင်း ခုခံတော်လှန်စစ်တွင် စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာရ

တပတ်အတွင်း ခုခံတော်လှန်စစ်တွင် စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးဒဏ်ရာရ

RNA-အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက တပတ်အတွင်း ခုခံစစ်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၁၉၃ ဦးသေဆုံးပြီး ၄၄ ဦးထိခိုက်ဒဏ်ရာရရခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ အောင်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ခုခံတွန်းလှန်စစ် ၂၅ ကြိမ်ဖြစ်ပွားကြောင်း၊ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက်ကျုးလွန်ခဲ့သည့် ဖြစ်စဉ် (၅၀) ရှိကြောင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ (၃၀)ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တစ်ပတ်တာကိန်းဂဏန်းဆိုင်ရာ အချက်အလက်များကို သတင်းမီဒီယာပေါင်း(၄၀)ထံမှရယူကာ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Red News Agency
Read More
မန္တလေး ကညန ရုံးအနီး ဗုံးပေါက်ကွဲမှုကို SAF အဖွဲ့က ပြုလုပ်ခဲ့

မန္တလေး ကညန ရုံးအနီး ဗုံးပေါက်ကွဲမှုကို SAF အဖွဲ့က ပြုလုပ်ခဲ့

RNA – အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ မန္တ‌လေးမြို့ မဟာ အောင်မြေမြို့နယ် သိပ္ပံလမ်းပေါ်ရှိ ကညန ရုံးအနီး ယနေ့ နံနက် ၁၁ နာရီက ဗုံး ၂ လုံးဆင့် ပေါက်ကွဲမှုမှာ SAF – Special Attacking Force (Upper Burma) အဖွဲ့က ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ပြည်သူ့ကို ပစ်သတ်မည့် ကျည်ဆံဖိုးများ စစ်ကောင်စီထံ ဆက်လက်စီးဆင်းမှုကို လုံးဝဖြတ်တောက်ရန် ရည်ရွယ်သော လှုပ်ရှားမှု တခုဖြစ်ကြောင်း၊ မလိုလားအပ်သော ထိခိုင်မှုမှ ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ကောင်စီ ဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် SAF အဖွဲ့၏ ထုတ်ပြန်ချက်မှာ…
Read More
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းသည့် စခန်းမှူး ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ

RNA- အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ မုံရွာမြို့ လူထုသပိတ် ခေါင်းဆောင်တဦးဖြစ်သူ ကိုဝေမိုးနိုင်ကို ကားဖြင့်တိုက်ဖမ်းခဲ့သည့် စခန်းမှူး မြင့်ဆွေပါသည့်ဆိုင်ကယ်ယာဉ်တန်း ယနေ့ နံနက် ၈ နာရီကျော်က Kanbalu Underground Warriors (KBU-UG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒလန် အရှင်းခံရသည့် ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာ ကိစ္စကို ကန့်ဘလူမြို့နယ် ထနိးကုန်းရွာ နယ်မြေ စခန်းက မြင့်ဆွေအပါအဝင် ရဲအဖွဲ့ ဆိုင်ကယ်များဖြင့် လာရောက်စဉ် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိပေမဲ့ တိတိကျကျ မပြောနိုင်သေးကြောင်း၊ ရီးဒွေးရွာရှိ ပျူစောထီး ဒလန် ပူတူးကို အောက်တိုဘာ ၂၆ ရက်နေ့ည ၉…
Read More
အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

RNA- အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ မြောက်ဥက္ကလာပနေအိမ်မှာ မေလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် မိခင်ဒေါ်မိငယ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လွတ်လာပြီး ဖမ်းဆီးခံရတဲ့နေ့က အတွေ့အကြုံတွေကို ပြောပြထားတာဖြစ်ပါတယ်။ Red News Agency
Read More
တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

တပ်မတော်ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် နိုင်ငံရေးတွင်ဝင်နေမှုမှ နှုတ်ထွက်ရန် KNU တောင်းဆို

RNA- အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် တပ်မတော်က နိုင်ငံရေးတွင်ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း ကြေငြာရန် ယနေ့ ( အောက်တိုဘာလ ၁၅ ရက်) နံနက်ပိုင်းက KNU က ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး – KNU သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးမျှော်မှန်းကာ NCA ( တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် – Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့ (၆) နှစ်ပြည့်နေ့တွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိ ဆိုးဝါးနေသည့် နိုင်ငံရေးအ‌ခြေအနေအား ကယ်တင်နိုင်ရန်အတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူများအားလုံးကို…
Read More
မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

မင်းအောင်လှိုင် ပူတာအိုလာမည်ကို လက်မခံကြောင်း လက်နက်ကြီး ပစ်ခတ် သတိပေး

RNA – အောက်တိုဘာ ၃ ရက်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုမြို့သို့ လာမည်ကို လက်မခံကြောင်း ပူတာအို PDF က ယနေ့ ( အောက်တိုဘာ ၃ ရက်) နံ‌နံစောစော ၁ နာရီဝန်းကျင်က မူလာရှီးဒီ အထူးစစ်ဆေးရေး စုပေါင်းဂိတ်ကို လက်နက်ကြီး ပစ်ခတ် သတိပေးလိုက်ကြောင်း သိရသည်။ ” အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုသို့ လာမည်ဖြစ်သည့်အတွက် ပူတာအိုမှ လက်မခံကြောင်းနှင့် ရောရှိလာပါက ဒီထက်ကြမ်းသော သတိပေးပစ်ခတ်မှုများ ပြုလုပ်သွားမည်” ဟု PUTAO PDF က ယနေ့နံပိုင်းတွင် ထုတ်ပြန်ထားသည်။ ယနေ့ နံနက်…
Read More
NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

NUGက PRA ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့

RNA- စက်တင်ဘာ ၂၅ ရက်။ အမျိုးသားညီညွတ်ရေး အစိုးရ- NUG က People Revolution Army (PRA)ကို ကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးခဲ့‌ကြောင်း PRA က ထုတ်ပြန်ထားသည်။ Red News Agency
Read More