ဂျန်မာ

အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ

အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ ယနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း မိုးရွာသွန်းချိန် အင်းစိန်ထောင် မိုးကြိုးပစ်ခံရမှု ဂျန်မာ (Jammer) ထိခိုက်သွားကြောင်း သိရသည်။ "လွန်ခဲ့တဲ့တနာရီက မိုးရွာတော့ ထောင်ကို မိုးကြိုး ပစ်တယ်၊ ဘယ်ထိလဲ ကျနော်တို့လိုက်စစ်တော့ ဂျန်မာထိသွားတယ်၊ အခုတန်းပြန်ဆင်မလား ဘယ်လိုလုပ်လဲ မသိသေးဘူး" ဟု ဝန်ထမ်းတဦးက ပြောပြသည်။ အင်းစိန်အကျဉ်းထောင်တွင် ဒရုန်း ( Drone) အပါ အဝင် အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ဖောက်ခွဲမှုများ ပြုလုပ်မရစေရန်အတွက် ကန့်သတ်ထားသည့် ဧရိယာထဲ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ပေးထားသည့် ဂျန်မာများ တပ်ဆင်ထားသည်။ (more…)
Read More