ကိုနောင်ရိုး

၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။ ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။ Red News Agency
Read More
ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

နေ့စွဲ - ၂၃၊ ၁၀၊ ၂၀၂၄ ခုနှစ်။ Red News Agency ၏ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ (more…)
Read More
သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

ဖားကန့်၊ အောက်တိုဘာ (၃)၊၂၀၂၂ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် Voice of Milikha သတင်းဌာန၏ သတင်းထောက် ကိုနောင်ရိုးသည် ယနေ့ နံနက် (၈)နာရီက ဖားကန့် (မဇွပ်ယန်) အချုပ်ထောင်မှ လွတ်‌မြောက်လာသည်။ "ကျွန်တော် စကတည်းက သတင်းထောက်လုပ်တယ်၊ ဖမ်းဆီးခံရပြီး ထောင်ကျတယ်၊ ခုလည်းသတင်း ထောက်အလုပ်ပဲ ဆက်လုပ်သွားမယ်၊ ဖမ်းဆီးခံရလို့လည်း နောင်တမရဘူး၊ ကျွန်တော် မှန်တဲ့အလုပ်ကို လုပ်နေတာခြင်းသာဖြစ်တယ်" ဟု ယနေ့ လွတ်မြောက်လာသည့် သတင်းထောက် ကိုနောင်ရိုးက ပြောသည်။ (more…)
Read More