မြစ်ငယ်

အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

RNA_စက်တင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။ မန္တလေးမြို့၊အိုးဘိုထောင်မှ ထွက်လာသည့် ရဲအချုပ်ကားကို ယနေ့ နံနက် (၉) နာရီဝန်းကျင်က မြစ်ငယ်မြို့ မြစ်ငယ်တံတားအနီးတွင် မဟာမိတ်မြို့ပြပြောက် ကျားတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်လက်အောက် ခံရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး မတရားဖမ်းဆီးခံရသူ (၂) ဦးလွတ်မြောက်ခဲ့ကြောင်း Truth Keeping Force- Amarapura က ထုတ်ပြန်ထားသည်။ ရဲအချုပ်ကား တိုက်ခိုက်ခံရစဉ် မတရားဖမ်းဆီးခံထားရသူ (၈) ဦးလွတ်မြောက်သော်လည်း (၆) ဦးမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း၊ လုံးဝ လွတ်မြောက်သူ (၂) ဦးကို လုံခြုံရာနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

RNA_စက်တင်ဘာ (၁၉)၊၂၀၂၂ခုနှစ်။ မန္တလေးတိုင်း၊ မြစ်ငယ်မြို့ပေါ်မှ မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ်ကြောင်း မြစ်ငယ်မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ - MNPDF က အရေးယူမည်မဟုတ်ကြောင်း သိရသည်။ မြစ်ငယ်မြို့ပေါ်မှ မီးရထားဝန်ထမ်းများနှင့် ပတ်သက်ပြီး တော်လှန်ရေးပုံရိပ်ကို ဝေဝါးစေရန်အတွက် ပုံမှားရိုက်ပြီး ခြိမ်းခြောက်စာများ ပို့နေသူများရှိကြောင်း သိရသည်။ (more…)
Read More