အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။

ယနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း မိုးရွာသွန်းချိန် အင်းစိန်ထောင် မိုးကြိုးပစ်ခံရမှု ဂျန်မာ (Jammer) ထိခိုက်သွားကြောင်း သိရသည်။

“လွန်ခဲ့တဲ့တနာရီက မိုးရွာတော့ ထောင်ကို မိုးကြိုး ပစ်တယ်၊ ဘယ်ထိလဲ ကျနော်တို့လိုက်စစ်တော့ ဂျန်မာထိသွားတယ်၊ အခုတန်းပြန်ဆင်မလား ဘယ်လိုလုပ်လဲ မသိသေးဘူး” ဟု ဝန်ထမ်းတဦးက ပြောပြသည်။

အင်းစိန်အကျဉ်းထောင်တွင် ဒရုန်း ( Drone) အပါ အဝင် အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ဖောက်ခွဲမှုများ ပြုလုပ်မရစေရန်အတွက် ကန့်သတ်ထားသည့် ဧရိယာထဲ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ပေးထားသည့် ဂျန်မာများ တပ်ဆင်ထားသည်။

” ဂျန်မာမရှိရင်တော့ ဖောက်ခွဲတိုက်ခိုက်ရ အဆင်ပြေတယ်၊ ခက်တာက အဆင်သင့်ဖြစ်ထားမှု ဒါက အရေး ကြီးတယ်၊ ဘယ်တော့ သူတို့ပြန်ဆင်လိုက်မလဲ မသိရဘူး၊ မစ်ရှင်က အရမ်းမလွယ်တော့ လုပ်ရဖို့ ပြောရခကနေတယ်၊ အသင့်အနေအထားဆိုရင် ဒရုန်းနဲ့ ချရနိုင်တယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များက အင်းစိန်အကျဉ်း ထောင်မှာ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်နေသည့်အတွက် တိုက်ခိုက်ရန် အဝေးထိန်းမိုင်းများ အတွင်းရောက်အောင် အချုပ်ကားဖြင့် ကပ်ပေးနိုင်ခဲ့သော်လည်း ဂျန်မာရှိသည့်အတွက် ဖောက်ခွဲမရခဲ့ကြောင်း အနည်းဆုံး တကြိမ်ဖြစ်ခဲ့ဖူးသည်။

Red News Agency

By Editor