Truth Keeping Force- Amarapura

အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

RNA_စက်တင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။ မန္တလေးမြို့၊အိုးဘိုထောင်မှ ထွက်လာသည့် ရဲအချုပ်ကားကို ယနေ့ နံနက် (၉) နာရီဝန်းကျင်က မြစ်ငယ်မြို့ မြစ်ငယ်တံတားအနီးတွင် မဟာမိတ်မြို့ပြပြောက် ကျားတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်လက်အောက် ခံရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး မတရားဖမ်းဆီးခံရသူ (၂) ဦးလွတ်မြောက်ခဲ့ကြောင်း Truth Keeping Force- Amarapura က ထုတ်ပြန်ထားသည်။ ရဲအချုပ်ကား တိုက်ခိုက်ခံရစဉ် မတရားဖမ်းဆီးခံထားရသူ (၈) ဦးလွတ်မြောက်သော်လည်း (၆) ဦးမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း၊ လုံးဝ လွတ်မြောက်သူ (၂) ဦးကို လုံခြုံရာနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ Red News Agency
Read More