Tag: LGBT Union Mandalay

  • LGBT အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာမ စောဟန်နွေဦးစျာပန

    LGBT အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာမ စောဟန်နွေဦးစျာပန

    RNA_မတ်(၁၀)၊၂၀၂၅ ခုနှစ်။

    နိုင်ငံရေး အကျဉ်းသားဟောင်း စောဒယ်နီရယ်လင်းအောင် (ခ) LGBT အရေး တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာမ စောဟန်နွေဦး (အသက် ၂၈ နှစ်)သည် မတ်လ (၉) ရက်နေ့ ညပိုင်းတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ယနေ့ နေ့လယ် (၂) နာရီက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တစ်နေရာတွင် စျာပနအခမ်းအနား ကျင်းပခဲ့သည်။

    #RedNewsAgency #REDNEWS #RNA

  • LGBT Union Mandalay ဥက္ကဋ္ဌနှင့် လူငယ်များသမဂ္ဂဥက္ကဋ္ဌတို့ ဖမ်းဆီးခံရဟု ယူဆ

    LGBT Union Mandalay ဥက္ကဋ္ဌနှင့် လူငယ်များသမဂ္ဂဥက္ကဋ္ဌတို့ ဖမ်းဆီးခံရဟု ယူဆ

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။

    ရန်ကုန်နှင့် မန္တလေးမြို့ လမ်းမများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နေကြသည့် LGBT Union Mandalay ဥက္ကဋ္ဌ၊ လူငယ်များသမဂ္ဂဥက္ကဋ္ဌနှင့် အခြားရဲဘော်တချို့ ယနေ့ အဆက် အသွယ်ပြတ်တောက်နေသည့်အတွက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရပြီဟု ယူဆကြောင်း LGBT Union Mandalay အရေးပေါ်ကြေငြာချက် ထုတ်ပြန်ထားသည်။

    “အဆက်အသွယ်ပြတ်တောက်နေသောနေသော လူငယ်များသမဂ္ဂ အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ကျွန်ုပ်တို့ LGBT Union Mandalay ဥက္ကဋ္ဌအား အကြမ်း ဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်ဟု ယူဆရပါသည်။ ဖမ်းဆီးခံရသူများမှာ – လူငယ်များသမဂ္ဂ၏ ဥက္ကဌ UNION၊ ဒုဥက္ကဋ္ဌ( ၁ )၊ ဒုဥက္ကဌ (၂) Mandalaတွဲဖက် အတွင်းရေးမှူး – အမှုဆောင် ကော်မတီဝင် တို့ ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency