Tag: ကျားဖြူတပ်ခွဲ
-

ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ
RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် ကျားဖြူတပ်ရင်းရုံးကာကွယ်ရေးတပ်ခွဲ၊ ကျားဖြူတပ်ခွဲ ၅ (Justice soldier -PDF) ရဲဘော် ဘယ်ကျော် ဧပြီလ (၆) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။ကော့ကရိတ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို Justice Soldier -PDF နှင့် Southern Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၀) ကျော်သေဆုံးခဲ့သည့်ကို Drone ဖြင့် ကြည့်ခဲ့သည့်အတွက် မြင်တွေ့ခဲ့ရကြောင်း Justice Soldier -PDF အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။ -

တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ
RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရှိ စစ်ကောင်စီတပ် တပ်ရင်းအ ကျားဖြူစစ်ကြောင်းမှဦးဆောင်ပြီး ပူးပေါင်းတပိဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်အကျအဆုံးများပြီး ကျားဖြူတပ်ခွဲမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
-

ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၃)မှ တပ်သား Khaing Lin Htut (ခေါ်) အဓိပတိကို တပ်ပြေးအဖြစ် ကြေညာ
RNA_စက်တင်ဘာ(၂၆)၊၂၀၂၂ခုနှစ်။
တောင်ပိုင်းတိုင်းစစ်ဒေသ၊ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ (၃)တွင်တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်သား Khaing Lin Htut (ခေါ် ) အဓိပတိကို တပ်ပြေးအဖြစ် ယနေ့ ထုတ်ပြန်ကြေညာထားသည်။

-

ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ
RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။
ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
[embedyt] https://www.youtube.com/watch?v=56WDmn0Htqw[/embedyt]
Red News Agency
-

ကရင်ပြည်နယ်အတွင်း ကျားဖြူတပ်ခွဲ (၁) မှ PDFရဲဘော် မောင်ထက်လင်း(ခ)စစ်နိုင် ကျဆုံးခဲ့ရ
RNA_မတ်၂၂၊၂၀၂၂ခုနှစ်။
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဆင်နွှဲနေသည့် ကရင်ပြည်နယ်တနေရာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ကျားဖြူတပ်ခွဲ (၁) မှ PDFရဲဘော် မောင်ထက်လင်း (ခ) စစ်နိုင် (ဆေးတပ်သား)သည် မတ်လ (၁၉) ရက်နေ့က ကျဆုံးခဲ့ကြောင်း ကျားဖြူတပ်ခွဲ (၁) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
Red News Agency