“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။

Photo: 96 soldiers -PDF
Photo: 96 soldiers -PDF

စစ်ကိုင်းတိုင်းတနေရာတွင် မြန်မာ့တောင်ဝင်နဂါးတပ်တော် (MRDA) ဦးဆောင်မှုဖြင့် စစက်တင်ဘာလ (၂၄) ရက်နေ့က “ပြာပုံထဲကသွေးဖြင့်ဆက်လက်တော်လှန်ကြ ” ခေါင်းစဥ်ဖြင့်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်​ရး သပိတ်စစ်ကြောင်းတွင် 96 soldiers -PDF ( အညာမြေတပ်ခွဲ) ရဲဘော်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

Photo: 96 soldiers -PDF
Photo: 96 soldiers -PDF

စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ နေ့စဉ်နီးပါး ပြုလုပ်နေပြီး၊ ခုခံတွန်းလှန်စစ်ကို နေ့စဉ်ဆင်နွှဲလျက်ရှိကြောင်း၊ အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းကို အငြိုးအတေးထားကာ နေ့စဉ် ပြည်သူများ၏ အသက် အိုးအိမ် စသည်တို့ကို နေ့စဉ်ဖျက်ဆီးနေကြောင်း သိရသည်။

Red News Agency

By Editor