သတင်း

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် စျေးတွင် MASK CAMPAIGN ပြုလုပ်

ဇင်လင်းနိုင်။ ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက််။ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အတွင်းရှိ (ဌ) စျေးနှင့် မြဥယျာဉ် စိုက်ပျိုးရေးခြံ မွန်ကွေ့ စျေးတို့မှ စျေးသည်များ၊ စျေးဝယ် ပြည်သူများကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက COVID-19 Community Centre North Okkalapa (CCCN) မှ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်ချက်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်

မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်ချက်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်

ဒီလှိုင်း မကွေး၊ ဒီဇင်ဘာ ၁၇ ရက်။ မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်သဖြင့် ဒီဇင်ဘာလ ၁၇ရက်နေ့နံနက် ၉နာရီမှ၁၀နာရီအချိန်ထိ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။ ဆန္ဒထုတ်ဖော်သူများက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ(ဆန့်ကျင်ကြဆန့်ကျင်ကြ)၊ လွတ်လပ် သည့်စုံစမ်းစစ် ဆေးရေးကော်မရှင်အမြန်ဆုံး ဖွဲ့စည်းပေးရေး(ဒို့အရေး ဒို့အရေး)၊ ကြိုတင်မဲများစစ်ဆေးပေးရေး(ဒို့အရေး ဒို့အရေး)၊ ငွေ​ကြေးဖြင့်မဲဆွယ်စည်းရုံးမှု (အလိုမရှိ အလိုမရှိ)၊ ဥပဒေနှင့် မညီသောရွေးကောက်ပွဲ ရလဒ်(အလိုမရှိအလိုမရှိ) စသည့်ကြွေးကြွေးသံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ” မျှမျှတတပြန်ဖြစ်ချင်ပါတယ်၊ မှန်မှန် ကန်ကန် ပြန်ဖြစ်ချင်ပါတယ်၊ပြန်ပြီးရွေးကောက်ခိုင်းတာမဟုတ်ပါဘူး၊ပြန်ပြီး စစ်ဆေးပေးစေချင်တာ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဒေါ်စန္ဒာသိန်းကပြောသည်။ ရွေးကောက်ပွဲကော်မရှင်အား ခွင့်ပြုချက်နှင့်အညီဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ထံငြိမ်းစုစီတင်၍ဆန္ဒထုတ်‌ဖော်ခဲ့ကြောင်း သိရသည်။ ” ထုံးပေါက်တောရွာမှာ သေဆုံးသူရဲ့စာရင်းကိုမဲစာရင်းပေးထားပါတယ်၊အင်တိုင်းကြီးရွာမှာဦးဇင်းဝတ်နဲ့မဲပေးထားတာရှိပါတယ်၊ပဌနဂိုရ်မှာဆိုရင် အသက်မပြည့်ဘဲနဲ့မဲပေး…
Read More
ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူများကို COVID-19 ကာကွယ်ရေးအတွက် Mask များ လိုက်ဝေ

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေသူ အများအပြားကို COVID-19 ကာကွယ်ရေးအတွက် COVID-19 Community Centre North Okkalapa (CCCN)က ဒီဇင်ဘာ ၁၃ ရက်နေ့ညနေက Maskများ လိုက်ဝေခဲ့သည်။ ကန်သာယာပြည့်သူ့ပန်းခြံအတွင်း ကလေးလူကြီးအပါအဝင် အပန်းဖြေသူအများအပြားဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်ကြောင်း၊ COVID-19 ကူးစက်မှုသည်လည်း မြောက်ဥက္ကလာပမြို့တွင် ပြီးဆုံးသွားခြင်း မရှိသေးကြောင်း သိရသည်။ CCCN သည််မြောက်ဥက္ကလာပမြို့နယ်အတွင်း COVID-19 နှင့် ပတ်သက်ပြီး အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းဖြစ်ကြောင်း၊ စျေးနှင့်ပန်းခြံတို့တွင် COVID-19 အသိပညာပေးနှင့်ပတ်သက်ပြီး လိုက်လံလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ချောက်မြို့တွင် UECကို ဆန္ဒပြ

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ချောက်မြို့တွင် UECကို ဆန္ဒပြ

ဒီလှိုင်း ချောက်၊ နိုဝင်ဘာ၂၉ ရက်။ မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲခိုးမှုများ စစ်ဆေးပေးရေး၊ ကြိုတင်မဲများ စစ်ဆေးပေးရေတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာ လ ၂၈ ရင်နေ့က တောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။ ချောက်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံ ဝန်းရံသူ ၂၅ဦးကနိုဝင်ဘာလ ၂၈ရက်နေ့နံနက်ပိုင်းက ‌ချောက်မြို့ပြည်ခိုင်ဖြိုး‌ရုံးရှေ့မှ လမ်းမတော်လမ်းအတိုင်း အေးစေတီလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊အနော်ရထားတံတားထိပ်၊ရွှေတွင်းကုန်းအဆင်းလမ်း မှပျဉ်းမလမ်းအတိုင်း စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒထုတ်ဖော် ခဲ့ပြီး ချောက်မြို့မရဲစခန်းလမ်းဆုံမှ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံတွင် ပြန်လည်ရပ်နားခဲ့ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်မှုတွင် ဥပဒေနှင့် မညီသောရွေးကောက်ပွဲရလဒ် အလိုမရှိ၊မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး၊COVIDငွေကြေးမဲဆွယ်ပေးအလိုမရှိ၊ကြိုတင်…
Read More
မိတ္ထီလာမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိဟုဆိုကာ UEC ကို ဆန္ဒပြ

မိတ္ထီလာမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိဟုဆိုကာ UEC ကို ဆန္ဒပြ

ဒီလှိုင်း မိတ္ထီလာ၊ နိုဝင်ဘာ ၂၈ ရက်။ ဓာတ်ပုံ – ထီလာကိုငယ်လေး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှု မရှိခြင်းအပေါ် ယနေ့ ( နိုဝင်ဘာလ၂၈ရက်‌) နံနက် ၉ နာရီမှ စတင်ကာ မိတ္ထီလာမြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ထီလာကိုငယ်လေး မိတ္ထီလာမြို့ ၊ ဈေးအရှေ့ပြင်ရပ်ကွက်၊မြောက်ကန်ဘောင်ထိပ် ဇော်ဆေးခန်းအနီးတွင် စုရပ်လုပ်ခဲ့ပြီး၊ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲအား ဦးဇေယျာဟိန်းကဦးဆောင်ပြီး၊ ဦးမြသွင်(ခ) ဦးမြင့်စန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှုမရှိခြင်း အကြောင်းအရာတို့ကို ဟောပြောခဲ့သည်။ ဓာတ်ပုံ – ထီလာကိုငယ်လေး ”…
Read More
ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟု ဆိုကာ ရေနံချောင်းတွင် ဆန္ဒထုတ်ဖော်

ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟု ဆိုကာ ရေနံချောင်းတွင် ဆန္ဒထုတ်ဖော်

ဒီလှိုင်း ရေနံချောင်း၊ နိုဝင်ဘာ ၂၄ ရက်။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက် သူဌေးကုန်းရပ်နေ ဦးကျော်ညွှန့်ဝေ ဦးဆောင်ပြီး ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။ ရေနံချောင်းမြို့ ၊ ကျောက်မဆင်အဝင် ဇရပ်တွင်စုဝေးခြင်း၊ ကျောက်မဆင်ရပ်အဝင်ဇရပ်မှ တွင်းကုန်း-ဘုရားကုန်းလမ်းအတိုင်း ကျောက်မဆင်အားကစားကွင်းအထိ စီတန်းလမ်းလျှောက်ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ တရားဝင်စာတင်ပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ ” ဆန္ဒပြတာကရလဒ်ကို မကျေနပ်လို့မဟုတ်ပါဘူး၊ရွေးကောက်ပွဲကြီးရဲ့ ဖြစ်စဉ်အပေါ်မှာ တရားမျှတမှုမရှိတာ‌တွေ၊ဥပ‌ဒေမဲ့မှုတွေ၊လွတ်လပ်မျှတမှုမရှိတာတွေကိုဖော်ထုတ်ဆန္ဒပြတာပါ၊လူအင်း၂၇ယောက် လောက်နဲ့မနက်၈နာရီလောက်မှာ စတင်စုဝေးပါတယ်၊ ၈နာရီခွဲလောက်မှာ စတင်စီတန်းလှည့်လည်ပါတယ်၊ ၉နာရီလောက်ဟောပြောပွဲစပါတယ်၊ဟောပြောပွဲကရေနံချောင်းမြို့နယ်ကျောက်မဆင်ကျေးရွာမှာပြုလုပ်ပါတယ်၊ဝန်းရံအင်းအားကတော့လုံခြုံရေးအဖွဲ့တွေကကျွန်တော်တို့ပတ်လည်မှာဝန်းရံခွင့် မပြုတဲ့အတွက် ဘယ်လောက်ရှိလဲဆိုတာ မှန်းမရပါဘူး၊ဝန်းရံသူတွေကျွန်တော်ဟောပြောတဲ့နေရာနဲ့ဝေးတဲ့နေရာတွေမှာဘဲထားတာပါ၊တစ်ကယ်တန်းဆိုဝန်းရံသူ၂၀၀ခန့်တော့ရှိမယ်ထင်ပါတယ်၊၅နှစ်တစ်ကြိမ်ဖြစ်တဲ့ရွေးကောက်ပွဲကြီးကိုတစ်ကဲယ့် ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်အောင်၊ စည်းကမ်းရှိအောင်၊သန့်ရှင်းမျှတအောင်အဲလိုလေးတွေကိုဦးတည်တဲ့အတွက်ဆန္ဒဖော်ထုတ်တာပါ၊၂၀၂၀ရွေးကောက်ပွဲကျင်းပရာတွင်ကျင်းပရာတွင်တရားမျှတမှုမရှိသည့်အတွက်ဒီနေ့ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်လျှောက်ထားပြီးကျင်းပပြုလုပ်ခဲ့ပါတယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဦးကျော်ညွှန့်ဝေကပြောသည်။ အရွယ်အစား၂ပေခွဲ×၂ပေရှိ ကတ်ထူပြား…
Read More
၂၀၂၀ရွေးကောက်ပွဲ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ တရားမဲ့ပြုလုပ်ခြင်းများအတွက် စကုတွင် ဆန္ဒဖော်ထုတ်

၂၀၂၀ရွေးကောက်ပွဲ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ တရားမဲ့ပြုလုပ်ခြင်းများအတွက် စကုတွင် ဆန္ဒဖော်ထုတ်

ဒီလှိုင်း စကု၊ နိုဝင်ဘာ၂၃ ရက်။ မကွေးတိုင်းဒေသကြီး၊ စကုမြို့တွင် ၂၀၂၀ရွေးကောက်ပွဲ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ တရားမဲ့ပြုလုပ်ခြင်းများအတွက် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ( နိုင်ဝင်ဘာလ ၂၃ ရက်) နံနက်ပိုင်းက လူ ၃၀ ဦး တရားဝင်စာတင်ပြီး လုပ်ဆောင်သော်လည်း ဝန်းရံသူအင်အား ၃၀၀ ဝန်းကျင် ရှိခဲ့ကြောင်း ရွှေရောင်တော်ကျေးရွာမှ မခင်ချောသူက ပြောသည်။ ” ၂၀၂၀ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီးတရားမျှတမှုပွင့်လင်းမြင်သာမှု၊တရားမဲ့ပြုလုပ်ခြင်းများအတွက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်၊အခုလိုဆန္ဒဖော်ထုတ်ရတာက ပါတီတစ်ခုအတွက်မဟုတ်ဘဲ ပါတီပေါင်းစုံကိုယ်စားပြု၊ပြည်သူများအားလုံးကိုယ်စား ပြည်သူတစ်ယောက်အနေနဲ့ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်၊မိဘပြည်သူများရှင်ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဟာဆိုရင်တရားမျှတမှန်ကန်တဲ့ရွေးကောက်ပွဲများကျင်းပနိုင်ရေးဖြစ်ပါတယ်၊ရွေးကောက်ပွဲတွေကျင်းပတိုင်းပြည်တွင်းပြည်ပစောင့်ကြည့်ရေးဆိုတာတွေမရှိသင်ဘူးလားဆိုတော့ပတ်ဝန်းကျင်ကရှိသင့်ပါတယ်၊ရွေးကောက်ပွဲဟာဘယ်လောက်ပွင့်လင်းမြင်သာရှိသလဲ၊ဘယ်လောက် မျှတ မှုရှိသလဲဆိုတာစောင့်ကြည့်ခွင့်တွေရှိသင့်ပါတယ်” ဟု ၄င်းက ပြောသည်။ ၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို နိုဝင်ဘာလ ၂၂…
Read More
“မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

“မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

ရိုက်ကူး- ဒီလှိုင်း ပွင့်ဖြူ၊ နိုဝင်ဘာ ၂၂ ရက်။ ” မတရားသောနည်းဖြင့် အာဏာရယူဖို့ကြိုးစားသော အစိုးရ အလိုမရှိ အလိုမရှိ။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ။ မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” စသဖြင့် ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ စီတန်းလှည့်လည် လူအင်အား ၂၅၀ ကျော် ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More
NLDအမျိုးသားလွှတ်တော်အမတ် နေအိမ်တွင် သေနတ်ပစ်ခံရပြီး သေဆုံး

NLDအမျိုးသားလွှတ်တော်အမတ် နေအိမ်တွင် သေနတ်ပစ်ခံရပြီး သေဆုံး

RNA ၊ နိုဝင်ဘာ ၂၁ ရက်။ ကျောက်မဲမြို့ NLDပါတီ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်နေအိမ်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းကျောက်မဲမြို့မှ ဦးတင်မောင်သိန်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့က ရွေးချယ်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် နေထိုင်ရာ ကျောက်မဲမြို့နယ် ပင်တိန်ရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို တရားစွဲခဲ့သူ ရွေးကောက်ပွဲအပြီး ပြန်လည်တရားစွဲခံရ၊ အချုပ်ထဲမှ အမှုရင်ဆိုင်နေရ

ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို တရားစွဲခဲ့သူ ရွေးကောက်ပွဲအပြီး ပြန်လည်တရားစွဲခံရ၊ အချုပ်ထဲမှ အမှုရင်ဆိုင်နေရ

ဒီလှိုင်း ချောက်၊ နိုဝင်ဘာ ၁၉ ရက်။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ ဆားလယ်ကျေးရွာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့် အတွင်းရေးမှူး တို့ကို တရားစွဲခဲ့သူသည် နိုဝင်ဘာလ ၁၃ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၆၄ ဖြင့် ပြည်လည်အမှုဖွင့် ခံခဲ့ရသည့်အတွက် စလေ ရဲစခန်းအချုပ်တွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။ အောက်တိုဘာလ၂၉ရက်နေ့က ကြိုတင်ဆန္ဒမဲပေးချိန်တွင်ဆန္ဒမဲလက်မှတ်များ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် လျှို့ဝှက်ကြိုတင်ဆန္ဒမဲပေးသည့်နေရာ၌ အင်းပက်အား မထားရန် မဲကော်မရှင်သို့တောင်းဆိုခဲ့သော်လည်း မဲကော်မရှင်ဥက္ကဌဦးစိုးခိုင်နှင့် ကော်မရှင်အတွင်းရေးမှူးဦးအေးချမ်းပြည့်တို့မှ လိုအပ်လို့ထားတာပါလို့ပြောပြီး သိမ်းဆည်းခြင်း မရှိခဲ့သည့်အတွက် မဲဆုံးရှုံးမှုများကြောင့် ချောက်မြို့နယ်၊ဆားလယ်ကျေးရွာအုပ်စု၊ဆားလယ်ကျေးရွာမှ ရွေးကောက်ပွဲစောင့်ကြည့်နေသူ ဦး‌အောင်လွင်မှ တိုင် တန်းခဲ့သည့်အတွက် စလေမြို့ရဲစခန်းက (ပ)၈၈/ ၂၀၂၀၊ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉-က/၆၀ဖြင့်…
Read More