တာတိုင်ရွာ

ကုလသမဂ္ဂ အစည်းအဝေးမှာ တာတိုင်ရွာနှင့်နမ့်နိန်ဖြစ်စဉ်အပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဦးကျော်မိုးထွန်းတင်ပြ

ကုလသမဂ္ဂ အစည်းအဝေးမှာ တာတိုင်ရွာနှင့်နမ့်နိန်ဖြစ်စဉ်အပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဦးကျော်မိုးထွန်းတင်ပြ

RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။   နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေး (Informal Meeting)တွင် စစ်ကောင်စီတပ်၏ အစုလိုက်ပြုံလိုက်သတ်ဖြတ်မှုများ၊ တာတိုင်ရွာနှင့် နမ့်နိန်ကျေးရွာဖြစ်စဉ်တို့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ တင်ပြသည့် အလွတ်သဘောအစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းတက်ရောက်ခွင့်ရပြီး မိန်းခွန်းပြောကြားရာတွင် စစ်အာဏာသိမ်းမှု (၂) နှင့်ပြည့်အတွင်း ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်ကိစ္စများကို တင်ပြခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

ပ.က.ဖခေါင်းဆောင် (၁) ဦးနှင့် ပြည်သူ (၁၇) ဦးသတ်ခံရမှု အပြစ်ပေးအရေးယူနိုင်ရေး NUG ဆောင်ရွက်မည် 

RNA_မတ်(၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် ထီးဆောင်းရွာ အခြေချ တပ်မ (၃၃) တပ်သားများသည် ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်နှင့် ဒေသခံပြည်သူ (၁၇) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားသည့်အတွက် အပြစ်ပေးအရေးယူနိုင်ရေး NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ထီးဆောင်းရွာအခြေချ စစ်ကောင်စီတပ် တပ်မ (၃၃) တပ်သားများသည် မတ်လ (၂) ရက်နေ့က ပ.က.ဖ ခေါင်းဆောင်အား ဖမ်းဆီးသတ်ဖြတ်ပြီး တာတိုင်ရွာမှ တပ်ဆုတ်ချိန် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၇) ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More