ကုလသမဂ္ဂ အစည်းအဝေးမှာ တာတိုင်ရွာနှင့်နမ့်နိန်ဖြစ်စဉ်အပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဦးကျော်မိုးထွန်းတင်ပြ

Written by

in

RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။
 
နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေး (Informal Meeting)တွင် စစ်ကောင်စီတပ်၏ အစုလိုက်ပြုံလိုက်သတ်ဖြတ်မှုများ၊ တာတိုင်ရွာနှင့် နမ့်နိန်ကျေးရွာဖြစ်စဉ်တို့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ တင်ပြသည့် အလွတ်သဘောအစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းတက်ရောက်ခွင့်ရပြီး မိန်းခွန်းပြောကြားရာတွင် စစ်အာဏာသိမ်းမှု (၂) နှင့်ပြည့်အတွင်း ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်ကိစ္စများကို တင်ပြခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်၏ လုပ်ဆောင်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုမျှသာမဟုတ်ကြောင်း၊ မတရားအာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ပြည်သူ (၃၁၃၀)ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ်ကျူးလွန်ရာတွင် ကလေးငယ် (၆၂) ဦးအပါအဝင် (၇၆၆) ဦးသေဆုံးခဲ့ရကြောင်း၊ ယခုလအတွင်း တာတိုင်ရွာနှင့် နမ့်နိန်ကျေးရွာတို့တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ဓာတ်ပုံများနှင့်တကွာ တင်ပြခဲ့ကြောင်း သိရသည်။
 
#RedNewsAgency