“ရန်သူအလုပ် ရန်သူ လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန်” ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ်မှ KA၊ KNDF ရဲဘော်များကိုမှာကြား

RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။

ပင်လောင်းမြို့နယ် နမ့်နိန်ရွာဖြစ်စဉ်တွင် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီသည် စစ်ကောင်စီနှင့်ပေါင်းပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စွပ်စွဲနေသည့်ကိစ္စနှင့်အခြားကိစ္စတို့အပါအဝင်” ရန်သူအလုပ် ရန်သူအလုပ် လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ်ပါရန်” စသဖြင့် ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်မှ KA၊ KNDF ရဲဘော်များထံ အသိပေးစာတစောင် ရေးသားခဲ့သည်။

ဓာတ်ပုံ : KA ရဲဘော်များ။

စစ်ကောင်စီတပ်မှကျူးလွန်ခဲ့သည့် နမ့်နိန်ရွာဖြစ်စဉ်ကို စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် PNO က KNDF၊ KNPP၊ PDF တို့ဟု စွပ်စွဲပြီး လူမျိုးရေး၊ ဘာသာရေးအခြေခံကာ တိုက်ခိုက်နေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီနှင့် တွေ့ဆုံခဲ့ပြီး ၂ ပတ်အတွင်း နမ့်နိန်ကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ : KA ရဲဘော်များ။

“ရန်သူအလုပ် ရန်သူအလုပ်လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန် မှာကြားလိုသည်။ အထူးသဖြင့် ရည်မှန်းချက်ပန်းတိုက်ရောက်အောင် ချီတက်ကြပါ။ ရည်မှန်းချက်ပျောက်ရင် သမိုင်းတရားခံဖြစ်လိမ့်မယ်” ဟု ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်၏ မတ်လ ၁၄ ရက်နေ့ရက်စွဲဖြင့် ရေးသားပေးပို့ထားသည့်စာ ယနေ့ ထွက်ပေါ်လာသည်။

ယနေ့ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီနှင့် ရဲဘော် (၆၀) ခန့်ကို ဘိန်းဘုရင်ခွန်ဆာ သတ်မည်ကိုကြောက်သည့်အတွက် ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်နှင့်ရဲဘော်(၂) ဦးတို့က အသက်စွန့်ပြီး ၁၉၈၄ ခုနှစ် မတ်လအတွင်းက ထိုင်း ရှမ်း ကရင်နီနယ်စပ်ဆုံရာ ယခု လွိုင်ဆမ်မိတ် ထိသွားကြိုခဲ့ပြီး သံလွင်မြစ်ကမ်းနဘေး နေထိုက်လိုသည်ဟု တောင်းဆိုလာသဖြင့် ယခုလက်ရှိ တောင်နီချောင်းဆုံတွင် နေထိုင်ခွင့်ပြုထားခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးဇူးရှင်ကို ပြစ်မှားပါက ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခံရမည်ဟု စာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ : KA ရဲဘော်များ။

#RedNewsAgency

By Editor