ငြိမ်းချမ်းသာယာကျေးရွာ

ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

RNA_ဇွန်(၉)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငြိမ်းချမ်းသာယာ(ခ)ခွန်ဆာကုန်း အပိုင်း (၃) တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး ပြည်သူများသည်လုပ်ငန်းခွင်များအတွင်း ယမ်းသိုလှောင်မှု ရှိ မရှိ ဇွန်လ (၈) ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ငြိမ်းချမ်းသာယာ အပိုင်း(၃) အတွင်း ဇွန်လ ၆ ရက် နေ့ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ဗုံးသီးပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ကာ ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည့်အပြင်၊ ဇွန်လ (၃) ရက်နေ့ကလည်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု၏ ယမ်းဂိုဒေါင်ပေါ် ဒရုန်းဖြင့် ဗုံးကျဲချခဲ့သည့်အတွက် ပေါက်ကွဲကာ ပြည်သူ (၃) ဦးသေဆုံးရသည်။…
Read More
ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ခွန်ဆာကုန်း (ခ) ငြိမ်းချမ်းသာယာကျေးရွာ အပိုင်း(၃)၊ ဘုန်းကြီးကျောင်းနှင့် ရဲစခန်းကြား ဇွန်လ ၆ ရက်နေ့ ည (၉) နာရီ (၇) မိနစ်ခန့်က လက်နက်ကြီကျသည်ဟု ယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းအထိ ကလေးငယ် (၂) ဦးနှင့် အမျိုးသမီး (၁) ဦးအပါအဝင် ပြည်သူ (၉) ဦး၏ အလောင်းများ တွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။ (more…)
Read More
ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

RNA_ဖားကန့် မတ် (၁၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းနေရာ ယမန်နေ့ညနေက KIA/PDF မှ ရဲကားအားပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာအနီးမှ ပြည်သူများအား ယနေ့ညနေတွင် စစ်ကောင်စီက ချက်ချင်းအတင်းရွှေ့ပြောင်းခိုင်းနေပြီး အိမ်များကို ဘက်ဟိုး ဘူဒိုဇာများဖြင့်ဖြိုချဖျက်ဆီး ရှင်းလင်းပစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့က KIA/PDF ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲသုံးဦး သေဆုံးခဲ့ပြီး စစ်ကောက်စီက လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာပြည်သူများအား ပစ်မှတ်ထားတုံ့ပြန်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အမျိုးသမီး တစ်ဦးအပါ ပြည်သူ(၆)ဦးသေဆုံးခဲ့ရပြီး သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ (more…)
Read More