Tag: ငြိမ်းချမ်းသာယာကျေးရွာ

  • ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

    ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

    RNA_ဇွန်(၉)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငြိမ်းချမ်းသာယာ(ခ)ခွန်ဆာကုန်း အပိုင်း (၃) တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး ပြည်သူများသည်လုပ်ငန်းခွင်များအတွင်း ယမ်းသိုလှောင်မှု ရှိ မရှိ ဇွန်လ (၈) ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

    ငြိမ်းချမ်းသာယာ အပိုင်း(၃) အတွင်း ဇွန်လ ၆ ရက် နေ့ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ဗုံးသီးပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ကာ ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည့်အပြင်၊ ဇွန်လ (၃) ရက်နေ့ကလည်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု၏ ယမ်းဂိုဒေါင်ပေါ် ဒရုန်းဖြင့် ဗုံးကျဲချခဲ့သည့်အတွက် ပေါက်ကွဲကာ ပြည်သူ (၃) ဦးသေဆုံးရသည်။

    (more…)

  • ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

    ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

    RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ခွန်ဆာကုန်း (ခ) ငြိမ်းချမ်းသာယာကျေးရွာ အပိုင်း(၃)၊ ဘုန်းကြီးကျောင်းနှင့် ရဲစခန်းကြား ဇွန်လ ၆ ရက်နေ့ ည (၉) နာရီ (၇) မိနစ်ခန့်က လက်နက်ကြီကျသည်ဟု ယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းအထိ ကလေးငယ် (၂) ဦးနှင့် အမျိုးသမီး (၁) ဦးအပါအဝင် ပြည်သူ (၉) ဦး၏ အလောင်းများ တွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။

    (more…)

  • ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

    ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

    RNA_ဖားကန့် မတ် (၁၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းနေရာ ယမန်နေ့ညနေက KIA/PDF မှ ရဲကားအားပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာအနီးမှ ပြည်သူများအား ယနေ့ညနေတွင် စစ်ကောင်စီက ချက်ချင်းအတင်းရွှေ့ပြောင်းခိုင်းနေပြီး အိမ်များကို ဘက်ဟိုး ဘူဒိုဇာများဖြင့်ဖြိုချဖျက်ဆီး ရှင်းလင်းပစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

    ယမန်နေ့က KIA/PDF ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲသုံးဦး သေဆုံးခဲ့ပြီး စစ်ကောက်စီက လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာပြည်သူများအား ပစ်မှတ်ထားတုံ့ပြန်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အမျိုးသမီး တစ်ဦးအပါ ပြည်သူ(၆)ဦးသေဆုံးခဲ့ရပြီး သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

    (more…)