သတင်း

LGBT Union Mandalay ဥက္ကဋ္ဌနှင့် လူငယ်များသမဂ္ဂဥက္ကဋ္ဌတို့ ဖမ်းဆီးခံရဟု ယူဆ

LGBT Union Mandalay ဥက္ကဋ္ဌနှင့် လူငယ်များသမဂ္ဂဥက္ကဋ္ဌတို့ ဖမ်းဆီးခံရဟု ယူဆ

RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။ ရန်ကုန်နှင့် မန္တလေးမြို့ လမ်းမများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နေကြသည့် LGBT Union Mandalay ဥက္ကဋ္ဌ၊ လူငယ်များသမဂ္ဂဥက္ကဋ္ဌနှင့် အခြားရဲဘော်တချို့ ယနေ့ အဆက် အသွယ်ပြတ်တောက်နေသည့်အတွက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရပြီဟု ယူဆကြောင်း LGBT Union Mandalay အရေးပေါ်ကြေငြာချက် ထုတ်ပြန်ထားသည်။ "အဆက်အသွယ်ပြတ်တောက်နေသောနေသော လူငယ်များသမဂ္ဂ အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ကျွန်ုပ်တို့ LGBT Union Mandalay ဥက္ကဋ္ဌအား အကြမ်း ဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသည်ဟု ယူဆရပါသည်။ ဖမ်းဆီးခံရသူများမှာ - လူငယ်များသမဂ္ဂ၏ ဥက္ကဌ UNION၊ ဒုဥက္ကဋ္ဌ( ၁ )၊ ဒုဥက္ကဌ (၂) Mandalaတွဲဖက် အတွင်းရေးမှူး…
Read More
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး လက်နက်ကြီးထိမှန်ကျဆုံး 

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး လက်နက်ကြီးထိမှန်ကျဆုံး 

RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအတွင်း တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) လက်အောက်ခံ (KDF)တပ်ဖွဲ့ မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေးသည် လက်နက်ကြီးထိမှန်ကာ ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ဝန်းကျင်က ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို မြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ - NUGက ထုတ်ပြန်ထားသည်။ လက်ယက်ကုန်းအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ (၁) ရက် နေ့ရက်မှစပြီး ယနေ့ ( ၂၀၂၂ ခုနှစ် စက်တင် ဘာ ၂၆ ရက်) အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။…
Read More
ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၃)မှ တပ်သား Khaing Lin Htut (ခေါ်) အဓိပတိကို တပ်ပြေးအဖြစ် ကြေညာ

ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ(၃)မှ တပ်သား Khaing Lin Htut (ခေါ်) အဓိပတိကို တပ်ပြေးအဖြစ် ကြေညာ

RNA_စက်တင်ဘာ(၂၆)၊၂၀၂၂ခုနှစ်။ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ (၃)တွင်တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်သား Khaing Lin Htut (ခေါ် ) အဓိပတိကို တပ်ပြေးအဖြစ် ယနေ့ ထုတ်ပြန်ကြေညာထားသည်။ (more…)
Read More
“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

“ပြာပုံထဲကသွေးဖြင့် ဆက်လက်တော်လှန်ကြ” အမည်ဖြင့် ဆန္ဒပြပွဲတွင် MRDA နှင့်အတူ 96 soldiers -PDF ပါဝင်ခဲ့ 

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်းတနေရာတွင် မြန်မာ့တောင်ဝင်နဂါးတပ်တော် (MRDA) ဦးဆောင်မှုဖြင့် စစက်တင်ဘာလ (၂၄) ရက်နေ့က "ပြာပုံထဲကသွေးဖြင့်ဆက်လက်တော်လှန်ကြ " ခေါင်းစဥ်ဖြင့်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်​ရး သပိတ်စစ်ကြောင်းတွင် 96 soldiers -PDF ( အညာမြေတပ်ခွဲ) ရဲဘော်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ

အင်းစိန်အကျဥ်းထောင်က ဂျန်မာ (Jammer) မိုးကြိုးပစ်ခံရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ ယနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း မိုးရွာသွန်းချိန် အင်းစိန်ထောင် မိုးကြိုးပစ်ခံရမှု ဂျန်မာ (Jammer) ထိခိုက်သွားကြောင်း သိရသည်။ "လွန်ခဲ့တဲ့တနာရီက မိုးရွာတော့ ထောင်ကို မိုးကြိုး ပစ်တယ်၊ ဘယ်ထိလဲ ကျနော်တို့လိုက်စစ်တော့ ဂျန်မာထိသွားတယ်၊ အခုတန်းပြန်ဆင်မလား ဘယ်လိုလုပ်လဲ မသိသေးဘူး" ဟု ဝန်ထမ်းတဦးက ပြောပြသည်။ အင်းစိန်အကျဉ်းထောင်တွင် ဒရုန်း ( Drone) အပါ အဝင် အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ဖောက်ခွဲမှုများ ပြုလုပ်မရစေရန်အတွက် ကန့်သတ်ထားသည့် ဧရိယာထဲ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ပေးထားသည့် ဂျန်မာများ တပ်ဆင်ထားသည်။ (more…)
Read More
စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့…
Read More
အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် မြောင်ဗိုလ်တောက် ထွန်းအဖွဲ့ ( MyaungBoTaukTun(MBTT) Special Force မှ အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီး၏ စျာပနအခမ်းအနားကို ယမန်နေ့ (စက်တင် ဘာ၂၄ ရက်) က ပြုလုပ်ခဲ့ရာ အခက်အခဲများကြားမှ တော်လှန်ရေး အင်အားစုများတက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။ (more…)
Read More
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။ စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။ ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ…
Read More