စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။
 
သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို မတ်လ (၁၆) ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
 
စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်းတွေ့ရှိရပြီး၊ လက်နက်မျိုးစုံ (၆)နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ စခန်းအထိုင်တပ်သားတချို့ထွက်ပြေးသွားကြကြောင်း သိရသည်။
 
#RedNewsAgency
By Editor