ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

RNA_ဖားကန့် မတ် (၁၉)၊၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းနေရာ ယမန်နေ့ညနေက KIA/PDF မှ ရဲကားအားပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာအနီးမှ ပြည်သူများအား ယနေ့ညနေတွင် စစ်ကောင်စီက ချက်ချင်းအတင်းရွှေ့ပြောင်းခိုင်းနေပြီး အိမ်များကို ဘက်ဟိုး ဘူဒိုဇာများဖြင့်ဖြိုချဖျက်ဆီး ရှင်းလင်းပစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့က KIA/PDF ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲသုံးဦး သေဆုံးခဲ့ပြီး စစ်ကောက်စီက လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာပြည်သူများအား ပစ်မှတ်ထားတုံ့ပြန်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အမျိုးသမီး တစ်ဦးအပါ ပြည်သူ(၆)ဦးသေဆုံးခဲ့ရပြီး သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ရွှေ့ပြောင်းခိုင်းသည့်အနီး နေထိုင်ကြသူပြည်သူများ၏ အိမ်ခြေ (၄၀၀)ဝန်းကျင်ခန့်ရှိပြီး လက်ရှိ စစ်ကောက်စီက ဘက်ဟိုးဖြင့်ဖြိုချရှင်းလင်းပစ်သည့်အိမ်ခြေ (၃၀)ခန့်ရှိကြောင်း သိရသည်။

ပစ်ခတ်ခံရမှုအတွင်း သေဆုံးသွားသည့် ရုပ်ပုံများကို https://t.me/rednewsagency/2031 တွင်ကြည့်ရှုနိုင်ပါသည်။

#RedNewsAgency

By Editor