URF မှ၂ နှစ်အတွင်း တိုက်ခိုက်မှု မြို့ပြ (၂၁)ကြိမ်၊ ချေမှုန်ရေး (၂၀)၊ ထိတွေ့ (၁၇)ကြိမ်နှင့်ပြောက်ကျား (၁၁) ကြိမ် ပြုလုပ်ခဲ့

RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front – URF) အနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၇) နေ့မှာ (၂) နှစ်ပြည့်ခဲ့ပြီး ရန်ကုန်မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၂၁)၊ ဖယ်ခုံ၊မိုးဗြဲ၊ ဒီးမော့ဆို စသည့် ဒေသတို့တွင် ချေမှုန်းရေးတိုက်ပွဲ (၂၀)၊ ထိတွေ့မှု (၁၇)ကြိမ်၊ ပြောက်ကျားတိုက်ခိုက်မှု (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front – URF) မှရဲဘော် အောင်စာ၊ ရဲဘော် ကွိုင်၊ ရဲဘော် သန်းဇော် တို့ ကျဆုံးခဲ့ရကြောင်း၊ URF အနေဖြင့် စည်းရုံးမှုကိုအခြေခံသည့် ခေါင်းဆောင်မှု၊ ရဲဘော်ရဲဘက်စိတ်နှင့် စစ်နိုင်ရေးဆိုသည့် စံတန်ဖိုး (၃) ချက်ကို ကိုင်ဆွဲပြီး ရပ်တည် တိုက်ခိုက်နေပါမည်ဟု ၂ နှစ်ပြည့်နေ့က ကတိပြုထားသည်။

#RedNewsAgency

By Editor