ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

Written by

in

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က ၆၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၁၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံများ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျမသိရှိရသေးကြောင်း၊ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရး အဆက်ဆက်တွင် အသက်ပေးသွားကြသော အာဇာနည်အပေါင်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Myaing Underground Defence Force – MUGDF က ထုတ်ပြန်ထားသည်။

ဝက်ပုတ်ကျေးရွာ ပျူစခန်းကို မြိုင်- ပကဖ တပ်ခွဲ ၁၊ နံ့သာမြေယက္ခအဖွဲ့၊ ဂျိန်းစဘွန်းအဖွဲ့၊ Myaing Underground Defence Force၊ ဂျူနီယံတာနောအဖွဲ့၊ ဇာမဏီပျောက်ကြားတပ်ဖွဲ့၊ ဘာမထီပျောက်ကြားတပ်ဖွဲ့၊ ဝံပုလွေပျောက်ကြားတပ်ဖွဲ့၊ စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ ( တပ်ခွဲ-၄)၊ နွေဦးညီနောင်အဖွဲ့စသည်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

#RedNewsAgency