မယ်စဲ့မြို့နယ်မှာ စစ်ကောင်စီတပ် ဗျူဟာကုန်းတပ်စခန်း ၆ခုနှင့် မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်

RNA_ဇူလိုင်(၅)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်၌ ဇွန်လအတွင်း တိုက်ပွဲများထဲတွင် မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ် ဗျူဟာကုန်း တပ်စခန်း ၆ ခုနှင့် မယ်စဲ့မြို့မရဲစခန်တို့ကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

” ဇွန်လ(၁၃)ရက်နေ့မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ် အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော BP -13စခန်း၊ BP-14 စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP -16 ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့အား KA၊ ကလလတ ၊ မိမိတို့ KNDF နှင့်အတူ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီး/ငယ် များစွာနှင့် ခဲယမ်းမီးကျောက်အမြောက်အများတို့အား သိမ်းဆည်းရရှိခဲ့ပါသည်” ဟု KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KA၊ KNDF၊ PDF၊ ကလလတနှင့် ပူးပေါင်းမဟာမိတ်တပ်များ၏ ဇွန်လတိုက်ပွဲအတွင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ (၅၀)နီးပါး သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်မှ (၃) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဇွန်လအတွင်း ကရင်နီပြည်နှင့် မိုးဗြဲမြို့တို့တွင် အရပ်သား ပြည်သူ(၃၃)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

#RedNewsAgency

By Editor