အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာ (ရွာမ) ကျေးရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင် မင်းအောင်လှိုင်လက်အောက်ခံ တပ်စခန်းကို ယနေ့ ညနေ ၅ နာရီခန့်က Myingyan Black Tiger (MBT) အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး စကစ တပ်သားအများအပြားထိခိုက် Tayဆုံးခဲ့သည်။ စခန်းသိမ်းနိုင်ရန် လက်တကမ်းအလိုတွင် RPG-7 ပြောင်းကွဲသွား၍ ရန်သူဘန်ကာအား ဆက်လက်မဖြိုခွင်းနိုင်သောကြောင့်  ရဲဘော်အားလုံး အန္တရယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်” ဟု (MBT) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် MBT ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်နေထိုင်ရာ အဆောက်အဦတလုံး ပြိုကျပျက်စီးပြီး အများအပြားထိခိုက် သေဆုံးကြောင်း၊ ကျေးရွာအတွင်း ပြည်သူများကို စစ်ကောင်စီတပ်နှင့် ပျူများက အဝင်အထွက်ပိတ်ကာ သတင်စအမှောင်ချထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor