ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

NUG ကကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လောင်းရှည်ဒေသတိုက်ပွဲရုပ်သံမှ

RNA_ဇူလိုင် (၁၉)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း ဆောမြို့အနီးဝန်းကျင်ထိ ဇူလိုင် ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးအနည်းဆုံးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ဒေသမှာထိတာတော့ အလွန်ဆုံး ဆယ်ယောက်ပေါ့။ သူတို့ဂျမ်မာကားတွေလည်းပါတယ်လေ။ စုပြုံပြီးတက်လာတာမဟုတ်ဘူး” ဟု ဆောနှင့် ချင်းပြည်နယ်အစပ်က ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့မှာ ဆောနှင့် ကန်ပက်လက်ကြားမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက် လက်အောက်ခံများ မြေပြင်တွင် ၁၀ ဦးဝန်းကျင် သေဆုံးကြောင်း၊ ဆောမြို့ အနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း၊ ယခုရက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိမှု များပြားသော်လည်း သေဆုံးမှုမှာ ၂၀ ဝန်းကျင်သာရှိကြောင်း သိရသည်။

NUG ကကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လောင်းရှည်ဒေသတိုက်ပွဲရုပ်သံမှ

“မျက်မြင်တင် ဆယ်ဦးကျော် သေဆုံးတာကိုတွေ့ခဲ့ရတယ်။ တစ်နေ့တည်းတင် တိုက်ပွဲက သုံးခါဖြစ်တဲ့ အနေအထားပါ။ ခွေး(စစ်သား)တွေ ဒဏ်ရာရတာတွေကိုတောင် အကုန်နီးပါး မြို့ပေါ်ပို့ဖို့ အချိန်ကြာခဲ့ပါတယ်” ဟု ဒေသတွင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆောမြို့နယ်အတွင်း ဇူလိုင်လ ၁၃ ရက်ကနေ ဇူလိုင်လ ၁၈ ရက်နေ့အထိ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၇ ဦးအသက်ပေးလှူထားရကြောင်း၊ ဒေသခံ ၁၂ နှစ်အရွယ် ကလေးငယ်တဦးလည်း သေဆုံးခဲ့ရကြောင်း၊ ကျေးရွာတရွာမှ နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#RedNewsAgency

By Editor