“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာတို့တွင် လက်တွဲ၍ ပူးပေါင်းပါဝင်နေပြီး နေချိုမြို့ကို ထိန်းချုပ်ထားနိုက်ပြီဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နှင့် ခမရ(၁၁၅) တို့ကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ(၁၁၄)နှင့် (၆၀၆)အမြောက်တပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကို မဟာမိတ်များနှင့်လက်တွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By RNA Editor