ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနှင့် တပ်သား(၁၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဇွန်လ(၂၅)ရက်မှ ဇွန်လ (၂၉)ရက်အထိ စစ်ဆင်ရေး (၅)ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ (၅၃) ဦးလက်နက်ချအလင်းဝင်ခဲ့ပြီး လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိမ်းဆည်းရမိကြောင်း TNLA ကထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor