၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်

RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။

၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်ဖြစ်ပွါးနေသည့် ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ (၂) ရက်အတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းတို့ပါဝင်ကြောင်း၊ နောင်ချိုမြို့နယ်ရှိရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများ၊ မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ကယနေ့ ထုတ်ပြန်ထားသည်။

(၂) ရက်အတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁) လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံး အဆောင် များ၊ ရန်သူ့အလောင်း (၂၀)နှင့် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား (၁၇)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲပြင်းထန်နေစဉ်အတွင်း စစ်ကောင်စီတပ်လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိကြောင်း၊ စစ်ကောက်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ်ပျက်စီးမှုနှင့် သေဆုံး ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။

#RedNewsAgency

By RNA Editor