နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။

ရှမ်းမြောက်၊ နောင်ချိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် နောင်ချိုမြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့ လိုက်လံစစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိကြောင်း TNLA ထံမှ သိရသည်။

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ကို ဇွန်လ (၂၆) ရက်နေ့က TNLA နှင့် မဟာမိတ်များ တိုက်ခိုက် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီလက်အောက်အစိုးရရုံးများကို ယနေ့ လိုက်လံစစ်ဆေးရာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိထားသည်ဟု TNLA ကထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor