PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY – PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။

TNLA ဦးဆောင်နေသော ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း နောင်ချိူမြို့ကိုထိန်းချုပ်ထားပြီး နောင်ချိုမြို့အနီးကျန်ရှိစစ်ကောင်စီစခန်းများကို တိုက်နေကြောင်း၊ ကျောက်မဲမြို့တွင်လည်း ရဲစခန်းအပါအဝင် စစ်ကောင်စီဌာနဆိုင်ရာ ရုံးများ စခန်းများအထိ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း၊ မိုးမိတ်၊ မိုးကုတ်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားပြီး၊ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိထားသည်။

#RedNewsAgency

By RNA Editor