ရန်သူနှင့်ပူးပေါင်းသွားသူများကို ခွင့်လွှတ်မည်မဟုတ်ဟု TRI ဗျူဟာ အသိပေး

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် PDF များကို ဘယ်သောအခါမှ အပြုတ်တိုက်နိုင်မည်မဟုတ်သည့်အတွက် ပြန်ဆုတ်ပေးလိုက်သော နယ်မြေများကို မုချပြန်လည်သိမ်းပိုက်မည်ဖြစ်ပြီး ကြားကာလအတွင်း ရန်သူနှင့် ပူးပေါင်းသွားသူများကို တော်လှန်ရေးပြီးဆုံးသည်အထိ ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာမှ အသိပေးထားသည်။

TRI ဗျူဟာမှ စိုးမိုးနယ်မြေတစ်ချို့ ပြန်လည်ဆုတ်ခွါပေးနေချိန် အခက်အခဲများကြားတွင် ကြံ့ကြံ့မခံနိုင်သည့် မိသားစုဝင်အချို့နှင့် ရဲဘော်အချို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး – နန်းတွင်း) မှ နည်းမျိုးစုံဖြင့် သွေးဆောင်ဖြားယောင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ မန္တလေးမြို့ပေါ်တွင် “ဘာမှမလုပ်ပါဘူး၊ တံခါးဖွင့်ပေးထားပါတယ်၊ ပြန်လာခဲ့ပါ” ဟုဆိုကာ မြို့နယ်/ရပ်ကွက်အလိုက် ညွှန်ကြားချက်များထုတ်၍ သတင်းလွှင့်ကာ ပြန်ခေါ်ခဲ့ကြောင်း၊ အခက်အခဲကြားကို မကျော်လွှားနိုင်ဘဲ သာယာမှုကို ရွေးချယ်ကာ တပ်ကို သစ္စာဖောက်၍ နန်းတွင်းထဲသို့ ရောက်ရှိသွားကြသူများရှိလာသည်ဟု သိရသည်။

“စစ်ကောင်စီသည် ကျွန်ုပ်တို့ PDF များကို ဘယ်သောအခါမှ အပြုတ်တိုက်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဤနယ်မြေများကို မုချပြန်လည် သိမ်းပိုက်နိုင်မည် ဖြစ်ပါသည်။ ထိုအချိန်ကျမှ “မှားပါပြီ”ဟု လာရောက်မပြောပါနှင့်။ ကျွန်ုပ်တို့အနေဖြင့် ရန်သူသာမက၊သစ္စာဖောက်များနှင့် စစ်ကောင်စီ၏ အလိုတူအလိုပါ “နှစ်ဖက်ချွန်” များကိုပါတော်လှန်ရေး ပြီးဆုံးသည်အထိ ခွင့်လွှတ်မည် မဟုတ်ကြောင်း ပြတ်သားစွာ အသိပေးအပ်ပါသည်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာမှ ပြောကြားထားသည်။

နန်းတွင်းထဲမှ အကြမ်းဖက်စစ်ကောင်စီသည် အညံ့ခံရောက်ရှိလာသူများကို “ကျန်ခဲ့သည့် ရဲဘော်များကို လက်နက်ချဖို့ စည်းရုံးပါ၊ တစ်ယောက်ရရင် သက်သာခွင့်ပေးမယ်” ဟုဆိုကာ ကင်းလွှတ်ခွင့်အမျိုးမျိုးဖြင့် ထပ်မံသွေးဆောင် ခိုင်းစေနေပါသည်။ ထိုသို့ သစ္စာဖောက်သွားသူများသည် မိမိသက်သာရာရရေးနှင့် နောင်တစ်ချိန် PDF များ ပြန်လည်စိုးမိုးလာပါက “တပ်ပြေး” အဖြစ် အဖမ်းခံရမည်ကို စိုးရိမ်သည့်အတွက်၊ PDF တပ်ဖွဲ့များ ပြိုပျက်စေရန် နည်းမျိုးစုံဖြင့် သွေးဆောင်ဖြားယောင်း လှုံ့ဆော်နေကြသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်၏ မန္တလေး နန်းတွင်း ရောက်ရှိသွားသော အညံ့ခံသူများကို “ကျန်ခဲ့သည့် ရဲဘော်များကို လက်နက်ချဖို့ စည်းရုံးပါ၊ တစ်ယောက်ရရင် သက်သာခွင့်ပေးမယ်” ဟုဆိုကာ ကင်းလွှတ်ခွင့်အမျိုးမျိုးဖြင့် ထပ်မံသွေးဆောင် ခိုင်းစေနေကြောင်း၊ ထိုသို့ သစ္စာဖောက်သွားသူများသည် မိမိသက်သာရာရရေးနှင့် နောင်တစ်ချိန် PDF များ ပြန်လည်စိုးမိုးလာပါက “တပ်ပြေး” အဖြစ် အဖမ်းခံရမည်ကို စိုးရိမ်သည့်အတွက်၊ PDF တပ်ဖွဲ့များ ပြိုပျက်စေရန် နည်းမျိုးစုံဖြင့် သွေးဆောင်ဖြားယောင်း လှုံ့ဆော်နေသည်ဟု TRI ဗျူဟာမှ အသိပေးထားသည်။

တပ်ထဲတွင် သစ္စာရှိစွာ ကျန်ရှိနေကြသော ရဲဘော်များအနေဖြင့် တစ်ယောက်ကိုတစ်ယောက် လက်တွဲခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရန်၊ ယခုကြုံတွေ့နေရသည့် အကျပ်အတည်းနှင့် လောကဓံကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး လိုချင်သည့် ပန်းတိုင်ကို အရောက်လှမ်းကြရန်နှင့် ယနေ့တိုင် တပ်ထဲတွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်များကို အတိုင်းမသိ ဂုဏ်ယူလေးစားပါကြောင်း မှတ်တမ်းတင်အပ်သည်ဟု သစ္စာမဖောက်ဘဲ ကျန်ရှိနေသည့် ရဲဘော်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာက ပြောကြားထားသည်။

#RedNewsAgency #RedNews #RNA

By RNA Editor