ညောင်လေးပင်

ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီတပ် လက်အောက် ခံများက ဇူလိုင် (၄) ရက်နေ့က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ သေဆုံးသွားခဲ့ရသည့် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်သည် ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီအဖွဲ့၏ ကွင်းဆင်းဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က ခန္ဓာကိုယ် ခြေလက်တို့ကိုဖြတ်ပြီး သတ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ် ခလရ(၂၀၇)မှ လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ၊ဆောထိမြို့နယ်အတွင်းရှိ ကော်ကပ်နှင့် ခမောက်ခွင် ကျေးရွာမှ ရွာသူ၊ ရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ (more…)
Read More
မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေထုတ်ယူသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာချပြသင့်

မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေထုတ်ယူသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာချပြသင့်

ညောင်လေးပင်၊ ဒီဇင်ဘာ ၁ ရက်။ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်၌ပြည်သူများထည့်ဝင်ငွေဖြင့်စုဆောင်းထားသော မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေများ ထုတ်ယူသုံးစွဲနေမှုကို ပွင့်လင်းမြင်သာစွာချပြသင့်ကြောင်း ဒေသခံများမှ တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါဖွံ့ဖြိုးရေး ရန်ပုံငွေမှာ လွန်ခဲ့သော ၁၅ နှစ်ခန့် က မြို့သူမြိုသားများထည့်ဝင်ငွေဖြင့် ဘက်ဟိုးဝယ် ထားကာ သုံးမရသည့်အနေအထား၌ ပြန်လည်ထုခွဲရောင်းချခဲ့ပြီး ရရှိသောငွေဖြင့် ထွန်စက်တစ်စီး၊ ရိတ်ချွေစက်တစ်စီး၊ နောက်တွဲတစ်စီးဝယ်ယူ၍ စက်မှုလယ်ယာ၌ထားရှိကာ အသုံးပြုဧကနှုန်းထားဖြင့် အငှားချထားခဲ့‌‌ပြီး ရရှိသည့်ငွေများအား ဘဏ်၌အပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More