ကိုချစ်ဝင်းမောင်

မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးလက်ယာ တို့ကို အတည်ပြု

မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးလက်ယာ တို့ကို အတည်ပြု

RNA_မတ်(၁၃)၊၂၀၂၆ခုနှစ်။   မကွေးတိုင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်းစသည့် ဝန်ကြီးများကို မတ်လ ၁၂ ရက်နေ့က အတည်ပြု ခန့်အပ်ခဲ့ကြောင်း သိရသည်။   ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်မှ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံဆိုင်ရာဥပဒေ ပုဒ်မ ၆၂ အရတင်သွင်းလာသော ဒုတိယဝန်ကြီးချုပ်လောင်းနှင့် ဝန်ကြီးလောင်းများ၊ အစီအမံဆိုင်ရာဥပဒေပုဒ်မ ၇၇ အရ ရှေ့နေချုပ်လောင်းအမည်စာရင်းကို အစီအမံဆိုင်ရာဥပဒေ ၆၃ အရ လွှတ်တော် ဥက္ကဋ္ဌကလွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်၏ သဘောထားရယူကာ ကန့်ကွက်သူမရှိ ထောက်ခံကြပါသဖြင့် အတည်ပြုနိုင်ခဲ့သည်ဟု မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။ (more…)
Read More