RNA Editor

587 Posts
တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်မှုသည် တော်လှန်ရေးကို သွေဖီနေသည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် GZA ပြော

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။ MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံတပ်များ BNRA စခန်းကို တိုက်ခိုက်ခြင်းသည် အထူးသဖြင့် လက်နက်ခဲယမ်း ရှားပါး၍ ချွေတာနေရသည့် တော်လှန်ရေးကာလတွင် ရန်သူကိုတိုက်မည့်အစား တော်လှန်ရေးအဖွဲ့အချင်းချင်း ကျည်ဖြုန်းတီးနေခြင်းဖြစ်သလို တော်လှန်ရေးကို သွေဖီနေခြင်းဖြစ်သည်ဟု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင် Generation Z Army မှ ယနေ့ ထုတ်ပြန်ပြောကြားထားသည်။ ဗိုလ်နဂါးဦးဆောင်သော BNRA ဂိတ် (၃) ခုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် MOD ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် MOD လက်အောက်ခံ တပ်သား ထောင်ဂဏန်းထက်သာလွန်အင်အားဖြင့် တပ်ဖြန့်လာခဲ့ကြောင်း၊ BNRA ဂိတ် ၃ ခုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့…
Read More
နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ စလင်း၊ ဆင်ဖြူကျွန်း စသည့်မြို့များမှ ရန်ကုန်သွားသည့် ခရီးသည်တင် နန်းထိုက်တော်ဝင် ယာဉ်မောင်းများသည် ကံပြားရှိအာဏာသိမ်းစစ်တပ်ဂိတ်နှင့်ပေါင်းပြီး ခရီးသွား အမျိုးသားများကို အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲနေကြောင်း မင်းဘူးခရိုင်ရှိပြည်သူများထံမှ သိရသည်။ ရန်ကုန်အလုပ်သွားမည့် လူငယ် (၁၁) ဦးကို ယာဉ်မောင်းများနှင့် ကံပြားရှိစစ်တပ်ဂိတ်တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အဓမ္မပေါ်တာဆွဲခဲ့ကြောင်း၊ စစ်မှုထမ်းကြောင်းပြ ပေါ်တာဆွဲခံရသူများကို တစ်ဦးလျှင် သိန်း ၁၅၀ ဖြင့်ရွေးရန် အသိပေးထားကြောင်း ပေါ်တာဆွဲခံရသည့် လူငယ် (၁၁) ဦးအကြောင်း သိရှိသူတစ်ဦးက ပြောပြသည်။ (more…)
Read More
တကယ်ရော တန်ရဲ့လား..?

တကယ်ရော တန်ရဲ့လား..?

"NUG က ပြည်သူတွေရဲ့ထောက်ပံ့ကူညီတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့၊ အကူအညီတွေရဖို့ကြိုးစားနေပေမယ့် ထိထိရောက်ရောက် အကျိုးမြတ်ရှိရဲ့လား ဆိုတာစဉ်းစားစရာပါ။ အထူးစဉ်းစားရမှာကတော့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ မရှိသေးပဲ နိုင်ငံတကာအသိအမှတ်ပြုဖို့အရေးကို ကြိုးစားနေတာက လက်တွေ့ဆန်မှုရှိရဲ့လား" ရန်နိုင် NUG က အနောက်နိုင်ငံက PR (Public Relations) ကုမ္ပဏီတွေနဲ့ အကြံပေးတွေကို ငွေကြေးအမြောက်များပေးပြီး အသုံးပြုနေတယ်လို့ Asia Times ရဲ့ ဆောင်းပါးရှင် David Scott Mathieson က FARA မှတ်တမ်းတွေကို အကိုးအကားပြုပြီး “A history of high-paid Western grifters in Myanmar” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဝေဖန်ထားတဲ့‌…
Read More
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ ပြန်လက်လွှတ်ရ

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ ပြန်လက်လွှတ်ရ

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army - SNA)တို့က ဖေဖော်ဝါရီ (၈) ရက်နေ့က ပြန်လည်ထိန်းချုပ်သွားပြီဖြစ်ကြောင်း SNA တပ်မဟာ ၆၁၄ က အသိပေးထားသည်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၅) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း ရဲဘော် (၆) ဦးကျဆုံးခဲ့ရသည်။ (more…)
Read More
ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ လုပ်ပိုင်ခွင့်ကျော်လွန်ကာ ဖမ်းဆီးမှုများကို လုပ်ဆောင်နေ

ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ လုပ်ပိုင်ခွင့်ကျော်လွန်ကာ ဖမ်းဆီးမှုများကို လုပ်ဆောင်နေ

RNA_ ဖေဖော်ဝါရီ(၂)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် မြို့နယ်အတွင်း Boycott ကုန်စည်မဟုတ်သည်များကို သိမ်းဆည်းခြင်း၊ တစ်ချို့ လူဖမ်းဆီးမှုတွင်လည်း လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်ခြင်းစသည်တို့ကို လုပ်ဆောင်နေကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ မဲခေါင်သည် ၂၀၂၄ ခုနှစ်အတွင်းက မုဒိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံရပြီး တာဝန်မှ ရပ်နားသွားကြောင်း၊ နောက်တက်လာသည့် တာဝန်ခံသည် ကန့်ဘလူမြို့နယ် PDF တပ်ရင်းတစ်ခုမှ တပ်ရင်းမှူး တစ်ဦးနှင့် ညီအစ်ကိုတော်ကြောင်း၊ တစ်ချို့သော မြို့နယ်အတွင်း ကိစ္စများကို ဝန်ကြီးဌာနများကို အသိပေးခြင်းမရှိဘဲ ညီအစ်ကိုတော်သည့် တပ်ရင်းမှူးနှင့်ပေါင်းပြီး လုပ်ဆောင်မှုများရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

"တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်ကောင်စီအပေါ် အရေးယူမည့် ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး၍ ပယ်ချပေးခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့တွင် စစ်ကောင်စီဘက်မှ ရပ်တည်ပေးခြင်းတို့ဖြင့် အကာအကွယ် ပေးထားသည်" ရန်နိုင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ အသီးသီးတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အလွန်အမင်း မှီခိုနေရခြင်းမှာ ငြင်းဆို၍မရသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးတွင် ၉၆ ရာနှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ၈၉ ရာနှုန်း အထိ မှီခိုနေရသည်ဟု မြန်မာ့မူဝါဒရေးရာအသိုင်းအဝိုင်းမှ…
Read More
စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် CDM ဆရာမ တစ်ဦးအပါအဝင် အရပ်သားပြည်သူတစ်ချို့ သေဆုံးခဲ့ရကြောင်း သိရသည်။ ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) လေကြောင်းမှ (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁) ဦး သေဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
“အောင်မြင်စစ်ဆင်ရေး” နောက်ဆက်တွဲ ယနေ့ တိုက်ပွဲများတွင် ဒုညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် သေဆုံးသူများရှိ

“အောင်မြင်စစ်ဆင်ရေး” နောက်ဆက်တွဲ ယနေ့ တိုက်ပွဲများတွင် ဒုညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် သေဆုံးသူများရှိ

RNA_ဇန်နဝါရီ (၁၁)၊၂၀၂၆ခုနှစ်။ NUG/MOD/PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ "အောင်မြင်စစ်ဆင်ရေး" နောက်ဆက်တွဲအဖြစ် ယနေ့ (ဇန်နဝါရီ ၁၁ ရက်) တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဒု -ညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် အခြားသေဆုံးသူများ ရှိခဲ့သည်။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အတွင်း တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်သည့် အထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့ တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ဒုညွှန်ကြားရေးမှူး (၁)ဦးသေဆုံးပြီး အခြားဌာနဆိုင်ရာဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်ရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့သည့်အတွက် စစ်တပ်လက်အောက်ခံ (၂)ဦးသေဆုံးပြီး ဗိုလ်မှူး(၁)ဦး အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးခန့် ထိခိုက်ခဲ့သည်ဟု အမှတ် -၂ စစ်ဆင်ရေးနယ်မြေမှ သတင်းထုတ်ပြန်ထားသည်။ (more…)
Read More
PDF ရဲဘော်များ တစ်ရက်တည်း စစ်တပ် စခန်း (၁၄) ခုကို တိုက်ခိုက်ခဲ့

PDF ရဲဘော်များ တစ်ရက်တည်း စစ်တပ် စခန်း (၁၄) ခုကို တိုက်ခိုက်ခဲ့

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၆ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များနှင့် ပကဖ ရဲဘော်များ စသဖြင့် မဟာမိတ်များဖြင့် စုပေါင်းပြီး ပဲခူးတိုင်း၊ တောကျွဲအင်းမြို့အပါအဝင် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း (၁၄) ခုကို ဇန်နဝါရီလ (၉) ရက်နေ့ တစ်ရက်တည်း တိုက်ခိုက်ခဲ့ကြသည်။ တောကျွဲအင်းမြို့ရှိ အာဏာသိမ်းစစ်တပ်၏ ရဲစခန်းနှင့် အခြားတပ်စွဲထားသော နေရာများအပါအဝင် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထား ကင်းစခန်း၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ တပ်စခန်းစသည့် (၁၄) ခုကို တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ (၅၀) ထက်မနည်းသေဆုံးခဲ့ကြောင်း၊ စခန်းများကို တိုက်ခိုက်ချိန် ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် - မန္တလေးလမ်းဟောင်းတွင်လည်း…
Read More
မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

RNA_ဇန်နဝါရီ(၇)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး၊ ကန်ပြားလမ်းပိုင်း တစ်နေရာ၌ အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) အား ဟန့်တားသည့်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ ယာဉ် (၄) စီးပါ အထူးယဉ်တန်းအား ဇန်နဝါရီ ၆ ရက်နေ့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံးကြောင်း သိရသည်။ တိုက်ခိုက်ခံရမှုအတွင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ တစ်ဦးအပါအဝင် (၈)ဦး သေဆုံးသွားခဲ့ပြီး၊ G3 သေနတ် (၂)လက်၊ ၎င်းကျည် (၁၆၁) တောင့်နှင့် ကျည်ဘောက် (၃)ခု သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More