Editor

1551 Posts
လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

"အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့" "ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး စစ်ကောင်စီအနေဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် မိမိတို့အနေဖြင့်အထူးဂရုပြူနေရတယ်" ဆိုတဲ့ အာရက္ခတပ်တော် -AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားထားတဲ့ video file လေးတစ်ခုကို မနေ့က တွေ့မိလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ခြောက်လအတွင်းမှာကို မြို့နယ် ၁၀ ခုလောက်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။   အာရက္ခတပ်တော် အနေဖြင့် စစ်ဦးဘီလူးဆိုတဲ့ခေါင်းစဥ်အတိုင်း…
Read More
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်ထားနိုင်ပြီ

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်ထားနိုင်ပြီ

RNA_မေ(၁၈)၊၂၀၂၄ ခုနှစ်။ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာ လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်စသည်တို့ အားလုံးကို မေလ ၁၈ ရက်နေ့ မွန်းတည့် (၁၂) နာရီခန့်တွင် တစ်ခုမကျန် အာရက္ခတပ်တော် - AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ်ရှိ နောက်ဆုံးလက်ကျန်စခန်းများဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်းတို့ကို မေလ ၁၈ ရက်နေ့ကလည်းကောင်း၊ ခမရ (၃၅၃)၊ ခမရ (၅၃၅) ၊…
Read More
သူငယ်ချင်းထံ ပေးစာ

သူငယ်ချင်းထံ ပေးစာ

"ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ" ************************** သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ…
Read More
KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အလေးပြုအခမ်းအနားများကျင်းပ

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အလေးပြုအခမ်းအနားများကျင်းပ

RNA_မေ(၁၆)၊၂၀၂၄ ခုနှစ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း- Ruhkyau Hkawng Lum ကွယ်လွန်ခြင်းအတွက် အမှတ် (၁) စစ်ဒေသတွင်းရှိ PDF တပ်ရင်းတပ်ဖွဲ့ရဲဘော်များက ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြု အခမ်းအနားများ ကျင်းပပြုလုပ်နေကြကြောင်း သိရသည်။   ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်းသည် ကချင်ပြည်နှင့် ကချင်လူမျိုးများလွတ်မြောက်ရေး၊ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်များလက်အောက်မှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရင်း ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ (၆) နာရီ (၂၃) မိနစ်အချိန်တွင် အသည်းရောဂါဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌…
Read More
အလကားမရတဲ့တရားမျှတမှု

အလကားမရတဲ့တရားမျှတမှု

"တရားသူကြီးများသည် တရားမျှတမှုထက် လက်နက်ရှိသူကိုသာ ဘက်လိုက်နေကြ၏။ စစ်အာဏာရှင်၏လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံနေ၏။ ထို့ကြောင့် တရားသူကြီး၊ ရှေ့နေနှင့်ရဲတို့သည် မြန်မာနိုင်ငံတွင် အားကိုး၍ရသောသူများ မဟုတ်ဟု ပြည်သူများ ပို၍ မြင်ကြ၏" ***** ဖိုးဉာဏ် "ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အပြစ်ရှိတယ်လို့ မတွေ့ရှိရမချင်း အပြစ်ကင်းသူလို့ပဲ ယူဆထားရမယ် ဆိုတဲ့မူနဲ့စီရင်တဲ့ ကျွန်တော်တို့ရဲ့တရားစီရင်ရေးနဲ့ပတ်သတ်ပြီး များစွာဂုဏ်ယူခဲ့ကြပါတယ်။ လူတစ်ယောက်ဟာ မသင်္ကာဖွယ်ရာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် သူ့မှာ အပြစ်ရှိပါတယ်လို့ ခိုင်ခိုင်မာမာ ပြဖို့ကတော့ အစိုးရရဲ့တာဝန်ပဲဖြစ်ပါတယ်။ သို့ပေမယ့် တရားမင်းများခင်ဗျာ။ အစိုးရဘက်က အလုပ်တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုရင်ရော ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အရာရှိများက မသင်္ကာသူကို ဖမ်းဆီးချုပ်နှောင်ပြီးတဲ့နောက်မှာ သူတို့မှန်ကန်တယ်၊ သူတို့ဟာ အပြစ်ရှိသူကို…
Read More
အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

"မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ ရခိုင်ပြည်နယ် အစပ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုများရဲ့ မျှော်လင့်ချက်ကိုတော့ စစ်ကောင်စီအနေနဲ့ မချိုးဖျက်နိုင်သလို ထိုးစစ်ဆင်လာသမျှအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ဖရိုဖရဲဖြစ်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုချိန်မှာတော့ AA ရဲ့ အောင်ပွဲတွေကတော့ ဗျူဟာကျကျနဲ့ ပုံမှန်လျှောက်လှမ်းနေဆဲသာဖြစ်ပါတယ်။ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာချမှတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိမှုအပေါ်မှာ အခြေခံတဲ့ တပ်အင်အား အစုအဖွဲ့ ကျစ်လစ် တောင့်တင်းခိုင်မာမှု၊ လုံ ၄လုံနဲ့ ပြည့်စုံတဲ့ စစ်နည်းပရိယာယ်ရှိမှုတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်"  ကေဂျီ - Wiper  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းလာခဲ့ကြတဲ့ ၃နှစ်တာ ကာလအတွင်းမှာ ခေါင်းဆောင်ကောင်းနဲ့ စုစည်းညီညွတ်မှု အသီးသီးရှိနေကြတဲ့ ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာကို ချမှတ်ထားကြပြီး တခုချင်းအကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။…
Read More
ပြည်သူများ တော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားသည့်အတွက်် စစ်ကောင်စီ ပိုရက်စက်ပြနေ

ပြည်သူများ တော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားသည့်အတွက်် စစ်ကောင်စီ ပိုရက်စက်ပြနေ

RNA_မေ(၁၃)၊၂၀၂၄ ခုနှစ်။ ယခုရက်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၆၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့်လက်အောက်ခံများက သတ်ဖြတ်သွားမှုသည် ပြည်သူများတော်လှန်ရေးအပေါ် အားစိုက်မှုလျော့မသွားအသည့်အတွက် စစ်ကောင်စီက ပိုရက်စက်ပြနေဖြစ်နေသည်ဟု ဒေသခံတော်လှန်ရေး အင်အားစုများက သုံးသပ်ထားသည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများ၏ သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာမှ ပြည်သူ (၃၁) ဦးသေဆုံးခဲ့ရကြောင်း၊ မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်သည့်အတွက် ၂၀ ဦးခန့်သေဆုံးခဲ့ရကြောင်း၊ ဒီပဲယင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်အတွင်းလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်း သေဆုံးခဲ့ရမှုများရှိခဲ့သည်။ “နေရာတိုင်းက သူတို့ချည်းခံနေရတော့ ဘာလက်နက်မှ မရှိတဲ့ပြည်သူတွေကိုပဲ ပိုမဲနေတာထင်တယ်။ ပြည်သူတွေ တော်လှန်ရေးအပေါ် အားစိုက်မှုက လျော့မသွားတဲ့အတွက် ပိုရက်စက်ပြနေသလိုပါပဲဗျာ။ စစ်ကော်စီမှာက စစ်ရေးပစ်မှတ်ဆိုတာ…
Read More
ခြေသံလုံလုံ အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကချင်လွတ်မြောက်ရေးတပ်မတော်

ခြေသံလုံလုံ အရှိန်ပြင်းပြင်း မောင်းနှင်နေသော ကချင်လွတ်မြောက်ရေးတပ်မတော်

"KIA အနေဖြင့် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျခြင်းကိုခံနေရသော ပြည်မကသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်ကိုပြန်လည်တိုက်ခိုက်လိုသောလူငယ်တွေအားလုံးကို ကြိုဆိုလက်ခံတာတွေ၊ စစ်သင်တန်းပေးတာတွေပြုလုပ်ပြီး တစ်ချိန်က ၎င်းတို့အပေါ် အဆိုးမြင်ခဲ့ပါတယ်ဆိုတဲ့ ပြည်မကသူတွေကိုတောင် သဘောထားကြီးကြီးဖြင့် ကာကွယ်စောင့်ရှောက်ခဲ့ကြပါတယ်" ******************************* ချမ်းမင်း - Wiper "ချစ်ခြင်းတည်စေ မနောမြေ" ဆိုတဲ့ခေါင်းစဥ်လေးနဲ့ကမ်ပိန်းကို ဒီရက်ပိုင်း ခပ်စိပ်စိပ်နဲ့ social media တွေကနေ မြင်တွေ့လာရပါတယ်။ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့ဘက်မျက်နှာမူပြီး ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ကြတဲ့ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေဟာလည်း ကချင်မြေအတွက် ပထမဦးဆုံးပြုလုပ်တဲ့ ဒီကမ်ပိန်းကို ပြည်တွင်းပြည်ပက မြန်မာလူမျိုးတွေအနေနဲ့ တက်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့ နှိုးဆောင်ထားပါတယ်။ ကချင်ပြည်နယ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ထိပ်ဆုံးအပိုင်းမှာတည်ရှိနေပြီး ကျောက်စိမ်း၊ရွှေ၊ သစ်နဲ့ အခြားအဖိုးတန်တွင်းထွက်ပစ္စည်းများစွာပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပါတယ်။…
Read More
ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet)၏ တော်လှန်ရေး (၃) ပြည့်အတွင်း စစ်သည်တော် (၂၈) ဦးကျဆုံးခဲ့

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet)၏ တော်လှန်ရေး (၃) ပြည့်အတွင်း စစ်သည်တော် (၂၈) ဦးကျဆုံးခဲ့

RNA_မေ(၁၃)၊၂၀၂၄ခုနှစ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ ( CDF-Kanpetlet) တော်လှန်ရေး (၃) နှစ်ပြည့်သည့် ယနေ့ မေလ ၁၃ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဆင်နွှဲခဲ့ရာတွင် CDF-Kanpetlet စစ်သည်တော် (၂၈) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ ( CDF-Kanpetlet) ကို ၂၀၂၁ ခုနှစ် ဧပြီလ (၅) ရက်နေ့တွင် စတည်ဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့တွင်းရှီ စစ်ကောင်စီတပ်ဖွဲ့အား စတင်တိုက်ခိုက်သည့် ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet)၏ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားသည့်အတွက် ယနေ့ (၃) နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း CDF-Kanpetlet ကထုတ်ပြန်ထားသည်။   ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဖြစ်သည့် ချင်းညီနောင်စစ်ဆင်ရေးတွင်…
Read More
နောင်တမရလိုပါ ………….

နောင်တမရလိုပါ ………….

"အမိန့်အရဆိုရင် လူ့အသက်တွေက အပွင့်အခက်တွေလောက် အရေးမကြီးတတ်ကြဘူး။ လက်သုံးချောင်း မထောင်နဲ့ သေတတ်တယ်၊ အာဏာရှင်လို့ မရေရွတ်မိစေနဲ့ သေတတ်တယ်၊ လူ့အခွင့်အရေးအကြောင်း မပြောမိစေနဲ့ သေတတ်တယ်၊ နှင်းဆီပန်း မပန်ချင်နဲ့၊ လမ်းမပေါ် မထွက်နဲ့၊ ခြောင်းမကြည့်နဲ့၊အမျိုးသားနှစ်ယောက်တွဲပြီး ဆိုင်ကယ်မစီးနဲ့ စသဖြင့်ပေါ့ အကုန်သေတတ်တယ်" ********************************* လုပ်ပိုင်ခွင့်တွေနဲ့ အာဏာစက်ရဲ့ တန်ခိုးရှိန်ဝါကို ပင်လယ်ရေသောက်မိသလို သောက်လေငတ်လေ ရမ္မက်မပြေ ဖြစ်နေကြတဲ့ အဲ့ဒီအသိုင်းအဝန်းမှာ သူတို့ရဲ့ အာဏာပါဝါအတွက်ဆို ဒီနိုင်ငံကို ပြာချဖို့လည်း တစ်စက်လေးတောင် တွန့်ဆုတ်မနေတတ်ကြဘူး။ ထပ်ဖြည့်စရာမလိုတော့အောင် ပြည့်နေပေမယ့် သူတို့ရဲ့ အကျိုးစီးပွား ကြီးမားရေး အတွက်ဆို မြို့တွေရွာတွေကို စစ်တလင်းအဖြစ် ပြောင်းလဲပြစ်ဖို့လဲ ဝန်မလေးတတ်ကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေသာ အမှန်တရားဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက်…
Read More